မင်းလှ နိုဝင်ဘာ ၂၅
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၂ ခုနှစ်၊ ဆောင်းသီးနှံ စိုက်တောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ လုပ်ကိုင်ဆောင်ရွက်နိုင်ရန်အတွက် စိုက်ပျိုးစရိတ် ချေးငွေများကို ထုတ်ချေးပေးလျက်ရှိရာ ယမန်နေ့ထိ (၁၂၈၆၀၀၀၀၀) ကျပ် ထုတ်ချေးပေးနိုင်ခဲ့ကြောင်း သိရသည်။
စိုက်ပျိုးစရိတ်ချေးငွေများကို မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မြို့နယ်မန်နေဂျာ ဦးအောင်မြတ်မိုးနှင့် ဝန်ထမ်းများက ဆောင်းသီးနှံစပါး စိုက်တောင်သူများအား စိုက်ပျိုးစရိတ်ချေးငွေများကို အောက်တိုဘာလအတွင်းမှစတင်၍ ထုတ်ချေးပေးလျက်ရှိရာ ယနေ့အထိ ကျေးရွာအုပ်စုပေါင်း (၆)အုပ်စုမှ လူဦးရေ(၁၉၀)ဦး၏လယ်မြေ (၁၂၈၆)ဧကအတွက် တစ်ဧကလျှင်တစ်သိန်းနှုန်းဖြင့် ဆောင်းသီးနှံစိုက် ပျိုးစရိတ်ချေးငွေ (၁၂၈၆၀၀၀၀၀) ကျပ်အား အဆင်ပြေချောမွေ့စွာ ထုတ်ချေးပေးနိုင်ခဲ့သည်။
မင်းလှမြို့နယ်တွင် ကျေးရွာအုပ်စု (၅၄)အုပ်စုမှ ဧကပေါင်း (၅၄၂၄၃) ဧကအတွက် ၂၀၂၂ ခုနှစ်၊ ဆောင်းသီနှံ စိုက်ပျိုးစရိတ်ချေးငွေပေါင်း (၅၄၂၄၃၀၀၀၀၀) ကျပ်အား ဒီဇင်ဘာလကုန်အထိ အပြီးသတ်ထုတ်ချေးပေးရန် လျာထားကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ သိရသည်။
ပေါက်စ (မင်းလှ)