ဟိုပင်မြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြိုအဖြစ် ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ကာယစွမ်းရည်ပြိုင်ပွဲများ ကျင်းပ

ဟိုပင် ဒီဇင်ဘာ ၁၂

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Center) ခန်းမ၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် အကြိုအဖြစ် ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ကာယစွမ်းရည်ပြိုင်ပွဲများကို ဒီဇင်ဘာ(၁၁)ရက် မွန်းလွဲ (၁)နာရီက ကျင်းပခဲ့သည်။

ထိုသို့ ကျင်းပရာတွင် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကာယ၊ ဉာဏစွမ်းရည်များ တိုးတက်မြင့်မားစေရန်ရည်ရွယ်၍ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ ထိုင်ခုံလုပြိုင်ပွဲနှင့် မုန့်စားပြိုင်ပွဲများကို စာဖတ်ပရိတ်သတ် မူလတန်းအဆင့် ကလေးငယ်(၁၈)ဦးတို့က ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသော ကလေးငယ်များအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် စာပေချစ်မြတ်နိုးသူ အသင်းဝင်များက ဆုများချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

လင်းသွယ်သွယ်ဦး

ပြန်/ဆက်