ကလိန်အောင် ဒီဇင်ဘာလ ၁၂
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ရုပ်ပုံပြပုံပြင်ပြောပြိုင်ပွဲကို ယနေ့နံနက်(၁၁)နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကလိန်အောင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာနမှ ဒု-ဦးစီးမှူး (တာတန်ပေး)ဒေါ်ခင်ခင်လဲ့က အနာဂတ်အမျိုးသစ်ကျောင်းသား၊ ကျောင်းသူများ "နေ့ထူးနေမြတ်ရက်များကို သိရှိစေရန်နှင့် တန်ဖိုးထားတတ်စေရန်၊ လွတ်လပ်ရေးနေ့ ဖြစ်ပေါ်လာခြင်းသမိုင်းကြောင်းကို အသိပညာ ဗဟုသုတများ ရရှိစေရန်၊ စာဖတ်ပရိသတ်များ ပိုမိုတိုးပွားလာစေရန်၊ အတွေးအခေါ် အသိမြင်များ ဖလှယ်တတ်စေရန်၊ စာပေဖတ်ရှုခြင်းမှ အသိအမြင်ဗဟုသုတများ တိုးပွားလာစေရန်၊ ပြည်သူများ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်၊ စာပေမှ ရရှိသော ဗဟုသုတများဖြင့် လူမှုပတ်ဝန်းကျင်များ၌ အသုံးချတတ်လာစေရန်၊ စာပေဖတ်ရှုလေ့လာခြင်းအားဖြင့် မိမိကိုယ်ကိုယ်ကို ယုံကြည်မှုရှိလာပြီး စာအုပ်စာပေ ချစ်မြတ်နိုးသူများ ပိုမိုတိုးပွားလာစေရန်စသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောပြခဲ့သည်။
ပြိုင်ပွဲတွင် အ-ထ-က၊ ကလိန်အောင်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ပေါင်းညွမ်(နာဂ)စာပေနှင့် ယဉ်ကျေးမှုအသင်းမှ ရေးသားပြုစုသည် "သူပျော်တဲ့ သူ့နေရာ"ဆိုတဲ့ ရုပ်ပုံပြပုံပြင်လေးကို ပါဝင်ယှဉ်ပြိုင်ကြပြီး အကောင်းဆုံး ပါဝင်ယှဉ်ပြိုင်နိုင်သူ ကျောင်းသား၊ကျောင်းသူများကို အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
ခင်ခင်လဲ့(ကလိန်အောင်)