မင်္ဂလာဒုံမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ်အတွက်နွေစပါးများစတင်စိုက်ပျိုး

မင်္ဂလာဒုံ ဒီဇင်ဘာလ ၁၂

ရန်တုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်အတွင်းရှိ ရွှေနံ့သာစံပြကျေးရွာမှ တောင်သူကြီး ဦးအောင်ချမ်းနှင့် ဒေါ်တင်စိန်တို့ပိုင် ကွင်းအမှတ် - ၅၃၁ ဦးပိုင် ၁၅၁ လယ်မြေ (၁၃.၀)ဧက၌ ယနေ့နံနက် (၈)နာရီအချိန်က နွေစပါးများ စတင်စိုက်ပျိုးခဲ့ကြောင်း သိရသည်။

အဆိုပါ နွေစပါးစိုက်ခင်းသို့ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူး ဦးမြင့်ဆွေခေါင်းဆောင်သောအဖွဲ့များနှင့် ရွှေနံ့သာစံပြကျေးရွာမှ စပါးစိုက်တောင်သူများက ကြည့်ရှုအားပေးခဲ့ကြပြီး ၂၀၂၂ -၂၀၂၃ ခုနှစ်၊ နွေစပါးရာသီတွင် မင်္ဂလာဒုံမြို့နယ်အနေဖြင့် နွေစပါး (၄၃၇)ဧကခန့် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာန၊ တာဝန်ရှိသူထံမှ သိရသည်။

မြတ်မွန်ခင် (ပြန်/ ဆက်)