မြစ်သားမြို့နယ်အတွင်း  မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ ပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းဖြင့် ပြည်သူများ၏ လိုအပ်ချက်ဖြည့်ဆည်းရန်အတွက် ကွင်းဆင်းဆောင်ရွက်

မြစ်သား ဒီဇင်ဘာ ၁၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်း နယ်မြေလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားရေးဘဝဖွံ့ဖြိုး တိုးတက်စေရန်  မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ ပါဝင်သောစစ်ကြောင်းကြီး () ကြောင်းနှင့်ဒေသခံပြည်သူများ တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက မြစ်သားမြို့နယ် ကျွဲတပ်ကျေးရွာအုပ်စု ကျွဲတပ်ကျေးရွာရှိ ဓမ္မာရုံ၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် () ဗိုလ်မှူးဘိုဘိုအောင်က နိုင်ငံရေးအခြေအနေများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေးလုပ်ငန်းစဉ် ()ရပ်နှင့် ဦးတည်ချက် ()ရပ်တို့ကို အကောင်ထည်ဖော်ဆောင်ရွက်နေမှုများ  ရှင်းလင်းဆွေးနွေးသည်။ ဆက်လက်၍   မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့်ဌာနဆိုင်ရာများက  မိမိဌာနအလိုက် ဆောင်ရွက်နေမှုများကို  ရှင်းလင်းဆွေးနွေးပြီး ကျေးရွာသူ/ကျေးရွာသားများမှ မှတ်ပုံတင်ပြုလုပ်ရာတွင် လိုအပ်သော အကြောင်းအရာများကို တင်ပြခြင်း၊ လျှပ်စစ်မီတာခ ကောက်ခံရငွေ  အစုတ်အပြဲများ သင့်တင့်စွာ လက်ခံဆောင်ရွက်စေလိုကြောင်း ၊ ကျေးရွာဘူတာရိုးရှိ ရေဆိုးထုတ်မြောင်းများ ပြန်လည်တူးဖော်ဆောင်ရွက်ပေးစေလိုကြောင်း၊ လျှပ်စစ်မီတာခ ပေးဆောင်ရာတွင် သတ်မှတ်ရက် ကျော်လွန်ပါက ဒဏ်ငွေတစ်ကြိမ်ထက် ပေးရမှု အခြေအနေများ အသီးသီးဆွေးနွေးတင်ပြရာ တက်ရောက်လာသည့်  ဌာနဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးခဲ့ကြသည်။ ထို့နောက် မြစ်သားမြို့နယ် ကူမဲနယ်မြေရဲစခန်းမှ ရဲအုပ် မင်းမင်းဆွေမှ တရားဥပဒေစိုးမိုးရေးနှင့် လူကုန်ကူးမှုမခံရစေ‌ရေး အသိပညာပေး ပြောကြားခဲ့ပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး ဦးစီးအရာရှီ ဒေါ်ယဉ်မွန်ဖိုးမှ လာမည့် ၂၀၂၃ခုနှစ်၌ ရွေးကောက်ပွဲ ကျင်းပ ပြုလုပ်ရာတွင် PR စနစ်ကျင့်သုံးမည့် အခြေအနေများ ရှင်းလင်း ပြောကြားခဲ့သည်။ မြို့နယ်ဆည်မြောင်းဦးစီးဌာန ဦးစီးမှူး ဦးဝင်းဇော်မှလည်း ဆည်‌ရေပေးဝေမှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် ဒေသဖွံ့ဖြိုးရေး လိုအပ်ချက်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရှိန်းသူမှ လိုအပ်သည်များကို ဖြည့်စွက်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သီတာအောင် (မြစ်သား)