ထီးချိုင့်မြို့နယ်တွင် ဒီဇင်ဘာအားကစား လှုပ်ရှားမှုတစ်ရပ် အနေဖြင့် ပိုက်ကျော်ခြင်းပြိုင်ပွဲ ကျင်းပ

ထီးချိုင့် ဒီဇင်ဘာ ၁၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတွင်  ယမန်နေ့မွန်းလွှဲ(၃)နာရီအချိန်က  ဒီဇင်ဘာအားကစား လှုပ်ရှားမှုတစ်ရပ်အနေဖြင့် ပိုက်ကျော်ခြင်းပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါပိုက်ကျော်ခြင်းပြိုင်ပွဲတွင် မြို့နယ်ဦးစီးအရာရှိ ဒေါ်လဲ့လဲ့ခိုင်က အနာဂတ်လူငယ်များ ချစ်ခင်ရင်းနှီးပြီး စည်းလုံးညီညွှတ်မှုရှိကာ ပူးပေါင်းပါဝင် ဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရှိစေရန်နှင့် ကျန်းမာကြံ့ခိုင်သော အားကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ပြိုင်ပွဲ ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။

ထို့နောက် ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် အနိုင်ရရှိသည့် အသင်းအား မြို့နယ်ဦးစီးအရာရှိ ဒေါ်လဲ့လဲ့ခိုင်က ဆုချီးမြှင့်ပေးခဲ့ကြောင်း သိရပါသည်။          

ရဲလင်းထွန်း(ထီးချိုင့်)