အမြို့မြို့အနယ်နယ်သတင်းများ

Nov 23,2022
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်း (Book Club) တို့ပူးပေါင်း၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်(၁၁)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
Nov 23,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာ မူလတန်းနှင့် အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူများ အင်္ဂလိပ်ဘာသာ စကားပြောနှင့် ဝေါဟာရ ကြွယ်ဝစေရေး၊ ကိုယ်ပိုင်ဉာဏ်ဖြင့် စဉ်းစားတွေးခေါ်တတ်မှု၊ တီထွင်ကြံဆတတ်မှု၊ ထိုးထွင်းသိမြင်နိုင်မှု၊ ပြသနာဖြေရှင်းခြင်း နည်းလမ်းများ ရှာဖွေတတ်စေရန် ရည်ရွယ်၍ မူလတန်းအဆင့် (GRADR-5) မှ (GRADR-၉) အတန်းများတွင် သင်ကြားလျက်ရှိသော အင်္ဂလိပ်စာဘာသာရပ်နှင့် သင်္ချာဘာသာရပ် စွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီက အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။
Nov 23,2022
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ် အကြိုလှုပ်ရှားမှု ကျား/မအခြေပြု အကြမ်းဖက်မှု (GVB) အသိပညာပေးသင်တန်းကို မြိတ်ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ နိုဝင်ဘာ(၂၃)ရက် နံနက်ပိုင်းက မြိတ်မူလတန်းကြိုကျောင်း၌ ဖွင့်လှစ်ခဲ့သည်။
Nov 23,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် မိုးသီးနှံစိုက်ပျိုးရာသီ၌ စိုက်ပျိုးသော ပဲစင်းငုံ စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းနေကြောင်း ဒေသခံတောင်သူများထံမှ သိရ သည်။
Nov 23,2022
ရှမ်းပြည်နယ်အရှေ့ပိုင်း “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း မက်မန်းခရိုင်၊ မက်မန်းမြို့၌ ပြည်သူများမွေးမြူရေးနှင့် ပတ်သက်သော အသိပညာဗဟုသုတများ ရရှိစေရန် ရည်ရွယ်၍ ဒေသဝက် မွေးမြူရေးအကြောင်းအသိပညာပေး(Talk Show )ကို ယမန်နေ့နံနက်(၁၀)နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပသည်။
Nov 23,2022
မ​ကွေးတိုင်း​ဒေသကြီး၊​ မကွေးခရိုင်​၊‌‌ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တောင်တွင်းကြီးမြို့နယ်အတွင်း တောင်တွင်းကြီး-အောင်လံကားလမ်းမကြီးနှင့် ဆက်သွယ် ဖောက်လုပ်ထားသော ရွှေအင်ပင်ကျေးရွာ ကျေးရွာချင်းဆက်လမ်း ဖောက်လုပ်ပြီးစီးမူ့အခြေအနေကို ယမန်နေ့နံနက်(၉)နာရီက တာဝန်ရှိသူများမှ ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။
Nov 23,2022
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့၌ မြို့နယ်စာရေးဆရာအသင်းက စီစဉ်ဆောင်ရွက်သော ၂ဝ၂၂ ခုနှစ် စာဆိုတော်အနေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အထက(၂) ပညာရတနာခန်းမတွင် ကျင်းပကြောင်း သိရသည်။
Nov 23,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Women Club နှင့် Youth Club အသင်းတို့ပူးပေါင်း၍  ပန်းအလှထိုးနည်းသင်တန်းကို ယနေ့ နံနက် ၁၀နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။