မက်မန်း နိုဝင်ဘာလ ၂၃
ရှမ်းပြည်နယ်အရှေ့ပိုင်း “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း မက်မန်းခရိုင်၊ မက်မန်းမြို့၌ ပြည်သူများမွေးမြူရေးနှင့် ပတ်သက်သော အသိပညာဗဟုသုတများ ရရှိစေရန် ရည်ရွယ်၍ ဒေသဝက် မွေးမြူရေးအကြောင်းအသိပညာပေး(Talk Show )ကို ယမန်နေ့နံနက်(၁၀)နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပသည်။
အဆိုပါဆွေးနွေးပွဲတွင် မက်မန်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဉမ္မာချိုနှင့် မက်မန်းခရိုင်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဒေါက်တာမောင်ဝင်းတို့က ဒေသဝက်မွေးမြူသင့်သည့် အခြေအနေများ၊ ဒေသဝက်၏ ဒေသပေါက်ဈေး၊ အစာကျွေးနည်း၊ ဒေသခံပြည်သူများအတွက် ဒေသဝက်မွေးမြူခြင်းအားဖြင့် စီးပွားရေးကို မည်ကဲ့သို့ အကျိုးပြုနိုင်သည့်အခြေအနေများ၊ နိုင်ငံတော်အစိုးရမှ ဒေသခံပြည်သူများသို့ ဒေသဝက်မွေးမြူနိုင်ရေး ထောက်ပံ့ဆောင်ရွက်လျက်ရှိသောအစီအစဉ်များ၊ မွေးမြူရေးနှင့်ပတ်သက်၍ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသော အသိပညာပေးလုပ်ငန်းများ စသည့် ဗဟုသုတရဖွယ်ခေါင်းစဉ်များ ကို ရိုက်ကူးဆွေးနွေးခဲ့ကြသည်။
မက်မန်းခရိုင် ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ ဗဟုသုတရဖွယ် အကြောင်းအရာကဏ္ဍတို့ကို အသိပညာပေးဆွေးနွေးပွဲ (Talk Show)များအဖြစ် ရိုက်ကူးတင် ဆက်ပေးလျက်ရှိရာ အဆိုပါဆွေးနွေးပွဲအပြည့်အစုံကို We Love Matman Facebook Page တွင် ဝင်ရောက်ကြည့်ရှု့လေ့လာနိုင်ကြောင်း သိရသည်။
စိုင်းရွှေအောင်(ခရိုင်ပြန်/ဆက်)