တောင်တွင်းကြီး-‌အောင်လံကားလမ်းမကြီးနှင့် ဆက်သွယ်ဖောက်လုပ်ထားသော ရွှေအင်ပင်ကျေးရွာချင်းဆက်လမ်း ရာနှုန်းပြည့် ဖောက်လုပ်ပြီးစီး

တောင်တွင်းကြီး နိုဝင်ဘာ ၂၃

မ​ကွေးတိုင်း​ဒေသကြီး၊​ မကွေးခရိုင်​၊‌‌ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တောင်တွင်းကြီးမြို့နယ်အတွင်း တောင်တွင်းကြီး-အောင်လံကားလမ်းမကြီးနှင့် ဆက်သွယ် ဖောက်လုပ်ထားသော ရွှေအင်ပင်ကျေးရွာ ကျေးရွာချင်းဆက်လမ်း ဖောက်လုပ်ပြီးစီးမူ့အခြေအနေကို ယမန်နေ့နံနက်(၉)နာရီက တာဝန်ရှိသူများမှ ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မကွေးခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှုး(မြို့ပြ) ဦးစိုးမင်းထွန်းနှင့် တာဝန်ရှိများသည် တောင်တွင်းကြီးမြို့နယ်အတွင်းရှိ တောင်တွင်းကြီး-အောင်လံကားလမ်းမကြီးနှင့် ဆက်သွယ် ဖောက်လုပ်ထားသော ရွှေအင်ပင်လမ်း မြေသားဘောင်တင်ခြင်းနှင့် မြေနီခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရူ့စစ်ဆေးကာ လိုအပ်သည်များကို ဖြည့်စွက် မှာကြားခဲ့သည်။

အဆိုပါကျေးရွာချင်းဆက်လမ်းလုပ်ငန်းဖြစ်သည့် တောင်တွင်းကြီး-အောင်လံကားလမ်းမကြီးနှင့် ဆက်သွယ်ဖောက်လုပ်ထားသည့် ရွှေအင်ပင်လမ်းမှာ အရှည် (၁)မိုင် (၄)ဖာလုံ၊ အကျယ်(၁၈)ပေ၊ ထု(၆)လက်မဖြစ်ပြီး မြေသားလမ်းတင်ခြင်းနှင့် မြေနီခင်းခြင်းလုပ်ငန်းများကို တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ် (၅၆)သန်းဖြင့် စက်တင်ဘာလ ဒုတိယပတ်မှစတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်ခိုင်ခိုင်ထွေးထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)