Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် လူငယ်ရေးရာအသိပညာပေးဟောပြောခြင်းနှင့် မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေး
Nov 23,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် မြို့နယ်အတွင်းရှိ အခြေခံ ပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ လူငယ်လေးများအား ဗလငါးတန်ဖွံ့ဖြိုးစေရေးနှင့် အခြားသော ထွေထွေဗဟုသုတများ ရရှိတိုးပွားလာစေရေး၊ သိသင့်သိထိုက်သည်များကို သိရှိနားလည်လာနိုင်စေရေးအတွက် လူငယ်ရေးရာအသိညာပေးဟောပြောခြင်းနှင့် စာဖတ်ရှိန်မြင့်မားလာစေရေးအတွက် စာအုပ်စာစာင်များ အခမဲ့ငှားရမ်းပေးခြင်းကို မိုဘိုင်းစနစ်ဖြင့် စနစ်တကျငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အ.ထ.က သပြုကွင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ
Nov 23,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနနှင့် စားသုံးသူရေးရာ ဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန် မြှင့်တင်ရေးနှင့် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် ၁၀ နာရီတွင် အ.ထ.က သပြုကွင်း ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
အင်းစိန်မြို့နယ်၌ အသက်(၅)နှစ်မှ (၁၁)နှစ်အထိ ကျောင်းသား၊ ကျောင်းသူများကို ကိုဗစ်ကာကွယ်ဆေး Pfizer များကို ဒုတိယအကြိမ်ထိုးနှံပေး
Nov 23,2022
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုမရှိစေရန်ရည်ရွယ်၍ ပြည်သူများနှင့်ကျောင်းသား၊ ကျောင်းသူများကို သက်မှတ်ထားသည့်နေရာအသီးသီးတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ဒုတိယအကြိမ်ထိုးနှံပေးလျက်ရှိရာ အသက်(၅)နှစ်မှ (၁၁)နှစ်အထိ ကျောင်းသား၊ ကျောင်းသူများကို ကိုဗစ်ကာကွယ်ဆေး Germany နိုင်ငံထုတ် Pfizer ကာကွယ်ဆေးထိုးနှံပေးလျက်ရှိကြောင်း အင်းစိန်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
တနိုင်းမြို့နယ် စာသင်ကျောင်းဆောင်အသစ်များ တည်ဆောက်နေမှု ကွင်းဆင်းစစ်ဆေး
Nov 23,2022
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်တွင် နိုဝင်ဘာလ ၂၂ ရက်နေ့ နံနက်ပိုင်းက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် နိုင်ငံတော်ခွင့်ပြုငွေ (၂၂၀.၃၇၀) ဖြင့် ရွှေတနိုင်းကုမ္ပဏီမှ တည်ဆောက်နေသည့် အမက-ဂျိုဆာဒီး (၁၂၀'×၃၀') RCC (သံကူကွန်ကရစ်) ခြေတံရှည် (၁) ထပ် ကျောင်းဆောင်သစ် နှင့် ခွင့်ပြုငွေ ၁၃၄.၅၀၀ ဖြင့် မြန်မာဟူးကောင်းစတား ကုမ္ပဏီမှ တည်ဆောက်နေသည့်
အပြည့်အစုံ ဖတ်ရန်
အမ်းမြို့၌ အခြေခံစားသောက်ကုန်နှင့် ဟင်းသီးဟင်းရွက်များ သက်သာသောစျေးနှုန်းဖြင့် ရောင်းချ
Nov 23,2022
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့၌ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အမ်းတပ်နယ်မှ မြို့နယ်အတွင်းရှိ ဒေသခံတိုင်းရင်းသားပြည်သူများ စားသောက်ရေး အထောက်အကူဖြစ် စေရန်အတွက် အခြေခံစားသောက်ကုန်ပစ္စည်းနှင့် ဟင်းသီးဟင်းရွက်များအား သက်သာသော စျေးနှုန်းဖြင့် ရောင်းချပေးခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က အမှတ်(၃)စျေးရပ် ကွက်၌ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သုဝဏ္ဏရံသီ သီလရှင်စာသင်တိုက်သို့ လှူဖွယ်ပစ္စည်းများ သွားရောက်လှူဒါန်း
Nov 23,2022
မွန်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ဒေါ်စန်းစန်းလွင် ဦးစီး၍ မွန်ပြည်နယ် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်စန်းစန်းမိုး၊ မွန်ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ အတွင်းရေးမှူး ဒေါ်မြသန်းနှင့်အဖွဲ့ဝင်များ၊ မော်လမြိုင်ခရိုင်/ မြို့နယ်အမျိုးသမီးရေးရာ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များသည် မော်လမြိုင်မြို့၊ တောင်ဝိုင်းလမ်း၊ ကုန်းထိပ်ရပ်ရှိ သုဝဏ္ဏရံသီ သီလရှင်စာသင်တိုက်သို့ ယမန်နေ့နံနက်ပိုင်းက သွား ရောက်လှုဒါန်းမှုပြုခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကသာမြို့၌ ခရိုင်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်
Nov 23,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့၌ ခရိုင်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီဝင်များ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀)နာရီအချိန်က ကသာခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ရုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
နည်းပညာတက္ကသိုလ်(လားရှိုး)တွင် မောင်မယ်သစ်လွင်ကြိုဆိုပွဲကျင်းပ
Nov 23,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ နည်းပညာတက္ကသိုလ် သိပ္ပံရတနာခန်းမတွင် ယမန်နေ့ နံနက် (၉)နာရီအချိန်က ၂၀၂၂-၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာန ဆိုင်ရာ တာဝန်ရှိ သူများ၊ ပါမောက္ခဆရာ/ဆရာမများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
13493
Page
13494
Page
13495
Page
13496
Current page
13497
Page
13498
Page
13499
Page
13500
Page
13501
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department