အမြို့မြို့အနယ်နယ်သတင်းများ

Nov 23,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေကျပ် သန်း ၃၅၀ သန်းဖြင့် ဟိုပုံးမြို့တောင်ရပ်ကွက်ရှိ နောင်ဘိုကန် အဆင့်မြှင့်တင်မှုများ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။
Nov 23,2022
မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဦးမောင်ကိုသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါလျက် ညောင်ဦးခရိုင်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ ကွင်းဆင်းစစ်ဆေးရန် ရောက်ရှိနေစဉ်  နိုဝင်ဘာ ၂၁ ရက်က ညောင်ဦးမြို့နယ်ရှိ ယွန်းပညာကောလိပ်(ပုဂံ)၊ မြစ်ရေတင်လုပ်ငန်းများနှင့် စိုက်ပျိုးရေးသုတေသနခြံနေရာသို့ သွားရောက်ခဲ့သည်။
Nov 23,2022
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ် ဝမ်းတွင်း- ပင်းတလဲလမ်း ကတ္တရာလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ရာ ယခုအခါ ၁၀၀ ရာခိုင်နှုန်း ပြီးစီးပြီးဖြစ်ကြောင်း   သိရသည်။
Nov 23,2022
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊  မန်တုံမြို့နယ်အတွင်းရှိ  ဒေသခံပြည်သူများအား ကျန်းမာရေးအသိပညာပေးခြင်းနှင့် (Mask)များ စနစ်တ ကျ တပ်ဆင်နိုင်ရေးအတွက် ယမန်နေ့နံနက် (၈:၀၀)နာရီအချိန်က ပြည်သူများ အများဆုံးသွားလာရာနေရာများတွင် (Mask Campaign)   ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Nov 23,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အသက်(၁၈)နှစ်အထက် ပြည်သူများအား ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Nov 23,2022
တနင်္သာရီတိုင်းဒေသကြီး၊မြိတ်ခရိုင်၊ ပလောက်မြို့တွင် ပြည်သူများစားဝတ်နေရေး အဆင်ပြေစေရန်အတွက် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာန ချုပ်၏အစီအစဉ်ဖြင့် အခြေခံစားကုန်နှင့် ဟင်းသီးဟင်းရွက်များအား ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခြင်းကို ယနေ့နံနက်ပိုင်းက အမှတ်(၁) ရပ်ကွက်၊ ပြည်သူ့ဆေးရုံအရှေ့၊ ဗဟိုလမ်းတွင် ပလောက်တပ်နယ်မှ ရောင်းချပေးခဲ့ကြောင်း သိရသည်။
Nov 23,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်၌ ကွန်ပျူတာ တက္ကသိုလ် (ဟင်္သာတ) ကျောင်းတွင်၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဘွဲ့ကြိုမောင်မယ်သစ်လွင်များအား ကြိုဆိုပွဲကို နိုဝင်ဘာ ၂၁ နေ့ နံနက် ၉ နာရီက အဆိုပါကျောင်း ရွှေဝါထွန်းခန်းမတွင် ပြုလုပ်ခဲ့သည်။
Nov 23,2022
ချင်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်သည် အနောက်မြောက်တိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင် ၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဟန်ဝင်းအောင် ၊ သယံဇာတရေးရာဝန်ကြီး ဦးကျော်ငြိမ်း ၊ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ရဲမှူးကြီး စိုးလွင်မိုး ၊ ပြည်နယ်ဥပဒေချုပ် ဦးဆွန်ဒုတ်ကျင့် ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမောင်မောင်ဆန်းနှင့် ပြည်နယ် အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာ ၁၆ ရက် နံနက်ပိုင်းက ဟားခါးမြို့မှ တီးတိန်ခရိုင် ၊ တီးတိန်မြို့သို့ တပ်မတော်ရဟတ်ယာဉ်ဖြင့် ရောက်ရှိကြပြီး နယ်မြေခံတပ်ရင်းခန်းမ၌ ခရိုင် ၊ မြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများ ၊ မြို့မိမြို့ဖများ ၊ ဘာသာ ရေးခေါင်းဆောင်များနှင့် တွေ့ဆုံပွဲသို့ တက်ရောက်သည်။