တနိုင်းမြို့နယ် စာသင်ကျောင်းဆောင်အသစ်များ တည်ဆောက်နေမှု ကွင်းဆင်းစစ်ဆေး

တနိုင်း နိုဝင်ဘာ ၂၃

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်တွင် နိုဝင်ဘာလ ၂၂ ရက်နေ့ နံနက်ပိုင်းက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် နိုင်ငံတော်ခွင့်ပြုငွေ (၂၂၀.၃၇၀) ဖြင့်‌ ရွှေတနိုင်းကုမ္ပဏီမှ တည်ဆောက်နေသည့်  အမက-ဂျိုဆာဒီး (၁၂၀'×၃၀') RCC (သံကူကွန်ကရစ်) ခြေတံရှည် (၁) ထပ် ကျောင်းဆောင်သစ် နှင့် ခွင့်ပြုငွေ ၁၃၄.၅၀၀ ဖြင့် မြန်မာဟူးကောင်းစတား ကုမ္ပဏီမှ တည်ဆောက်နေသည့် မူလွန်-ရေနံကုန်း (၁၂၀'×၃၀') Steel Structure (၁) ထပ် စာသင် ကျောင်းဆောင်အသစ်များ တည်ဆောက်နေမှုကိုမြို့နယ် အရည်အသွေးစစ်ကော်မတီ ဥက္ကဌ ဦးအောင်စိုး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးသန့်ဇင်ဦး၊ မြို့နယ် လမ်းဦးစီးဌာန အငယ်တန်းအင်ဂျင်နီယာ ဦးစိုးအောင်မျိုးညွှန့်၊ ခရိုင်ပညာရေးမှူး ဦးအောင်ဆွေ၊ မြို့နယ်ပညာရေးမှူး ဒေါ်ရွှေနယ်ဇိန်းတို့က ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း‌ သိရသည်။

မနောမြေ (တနိုင်း)