ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် လူငယ်ရေးရာအသိပညာပေးဟောပြောခြင်းနှင့် မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေး

ဟိုပုံး နိုဝင်ဘာ ၂၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် မြို့နယ်အတွင်းရှိ အခြေခံ ပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ လူငယ်‌လေးများအား ဗလငါးတန်ဖွံ့ဖြိုးစေရေးနှင့် အခြားသော ထွေထွေဗဟုသုတများ ရရှိတိုးပွားလာစေရေး၊ သိသင့်သိထိုက်သည်များကို သိရှိနားလည်လာနိုင်စေရေးအတွက် လူငယ်ရေးရာအသိညာပေးဟောပြောခြင်းနှင့် စာဖတ်ရှိန်မြင့်မားလာစေရေးအတွက် စာအုပ်စာစာင်များ အခမဲ့ငှားရမ်းပေးခြင်းကို မိုဘိုင်းစနစ်ဖြင့် စနစ်တကျငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များအား စနစ်တကျငှားရမ်းပေးလျက်ရှိရာ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံးရှိ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများက ယမန်နေ့နံနက်ပိုင်းက နမ့်ခုတ်ကျေးရွာအုပ်စု၊ နမ့်ခုတ်အခြေခံပညာ အထက်တန်းကျောင်းသို့ သွားရောက်ပြီး စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေး ဟောပြောခဲ့ပြီး စာပေဝါသနာရှင် ကျောင်းသူ‌၊ ကျောင်းသားများအား စာအုပ်စာစောင်များ ငှားရမ်းဖတ်ရှုနိုင်ရန်အတွက် စာအုပ်၊ စာစောင်များအား စနစ်တကျငှားရမ်းပေးခဲ့ကြောင်း သိရသည်။

စာဖတ်၊ စာငှား စာ‌ပေဝါသနာရှင် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် လေ့လာဖတ်ရှု ငှားရမ်းလိုပါက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့် ရုံးရှိ ပြည်သူ့စာကြည့်တိုက်၌ အပတ်စဉ် အင်္ဂါနေ့မှ စနေနေ့အထိ နံနက် ၉ နာရီခွဲအချိန်မှ ညနေ ၄ နာရီခွဲအချိန်အထိ လာရောက်လေ့လာနိုင်ပြီး မိမိတိုဖတ်ရှုငှားရမ်းလိုသည့် သုတ၊ ရသ စာအုပ်စာစောင် များအား အခမဲ့ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)