မော်လမြိုင် နိုဝင်ဘာ ၂၃
မွန်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ဒေါ်စန်းစန်းလွင် ဦးစီး၍ မွန်ပြည်နယ် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်စန်းစန်းမိုး၊ မွန်ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ အတွင်းရေးမှူး ဒေါ်မြသန်းနှင့်အဖွဲ့ဝင်များ၊ မော်လမြိုင်ခရိုင်/ မြို့နယ်အမျိုးသမီးရေးရာ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များသည် မော်လမြိုင်မြို့၊ တောင်ဝိုင်းလမ်း၊ ကုန်းထိပ်ရပ်ရှိ သုဝဏ္ဏရံသီ သီလရှင်စာသင်တိုက်သို့ ယမန်နေ့နံနက်ပိုင်းက သွား ရောက်လှုဒါန်းမှုပြုခဲ့သည်။
ကျောင်းထိုင်သီလရှင်ဆရာကြီးက လှူဖွယ်ပစ္စည်းများလက်ခံပြီး ရေစက်ချအမျှပေးဝေ ပေးခဲ့သည်။ ထိုသို့လှူဒါန်းရာတွင် အလှူငွေကျပ် ၁ သိန်း ၂သောင်း၊ ဆန်၊ ဆီ၊ ဆေး၊ ဆား၊ ကြက်သွန်ဖြူ/ နီ၊ စားသောက်ကုန်မျိုးစုံ၊ ဟင်းသီးဟင်းရွက်များ ၊ မွေယာ စသည့် ပစ္စည်းတန်ဖိုး ၅၂၀၀၀၀ကျပ်၊ စုစုပေါင်းတန်ဖိုးငွေ ၆၄၀၀၀၀ ကျပ်အား လှူဒါန်းခဲ့ကြသည်။
မွန်ပြည်နယ်/ခရိုင်/မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များသည် လစဉ်မွန်ပြည်နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများသို့ အလှည့်ကျသွားရောက် လှူဒါန်းလေ့ ရှိကြောင်း သိရှိရသည်။
ခရိုင်ပြန်ဆက်