အမြို့မြို့အနယ်နယ်သတင်းများ

May 20,2026
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမဦးစီးဌာနအနေဖြင့် ဥတ္တရသီရိမြို့နယ်၊ မောင်းရမ်းကျေးရွာအုပ်စု၊ ဝက်စုကျေးရွာဓမ္မာရုံတွင် ဝက်စု လယ်/ ထွေ သမဝါယမအသင်း၊ အသင်းသား (၃၃) ဦး၊ စိုက်ဧက (၁၀၂ ဒသမ ၅၃) ဧကအား စနစ်ကျသော စိုက်ပျိုးရေးဖော်ဆောင်နိုင်ရန်အတွက် ယမန်နေ့နံနက်ပိုင်းတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
May 20,2026
ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်သည် ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးခန့်ထက်နှင့်အတူ မေ ၁၉ ရက် မွန်းလွဲပိုင်းက ပူတာအိုခရိုင်၊ ပူတာအိုမြို့နယ်နှင့် မချမ်းဘောမြို့နယ်များသို့ လျှပ်စစ်မီးလင်းရေးအတွက် အဓိက ထုတ်လုပ်ဖြန့်ဖြူးပေးလျက်ရှိ နမ့်ထွမ်ရေအားလျှပ်စစ်စက်ရုံ လည်ပတ်နေမှုအခြေအနေများနှင့် လျှပ်စစ်ဝန်ထမ်းများနှင့် တွေ့ဆုံသည်။
May 20,2026
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၌ ခြင်မှတဆင့်ကူးစက်ဖြစ်ပွားသော သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို မြို့နယ်စီမံခန့် ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့် ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ ပူးပေါင်း၍ယနေ့ မေလ ၂၀ ရက်နေ့၊ နံနက် ၉ နာရီအချိန်က မြို့ပေါ်ရပ်ကွက်များ၌ အသိပညာ‌ပေး စစ်ဆေးဆောင်ရွက်ခဲ့ကြသည်။
May 20,2026
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၏ ၂၀၂၆ - ၂၀၂၇ ခုနှစ် (ပထမ) အကြိမ် အင်း/ တင်ဒါ လေလံတင်ရောင်းချပွဲအခမ်းအနားကို ကျုံပျော်မြို့နယ် ဧရာမင်းခန်းမ၌ ယမန်နေ့နံနက် ၉ နာရီက ပြုလုပ်သည်။
May 20,2026
ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာ သန်းဌေးအောင်သည် ဝိုင်းမော်မြို့နယ်အတွင်း မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှရေး၊ စိမ်းလန်းစိုပြည်ရေးနှင့် ရေစီးရေလာကောင်းမွန်ရေးအတွက် ယမန်နေ့ နံနက် ၉ နာရီက သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေးသည်။
May 20,2026
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကတိုက်ကလေးကျေးရွာတွင် ပြည်သူ့အကျိုးပြု ရက်(၁၀၀)စီမံချက်ဖြင့် လယ်ယာဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်နေမှုအား ယမန်နေ့ မွန်းလွဲပိုင်းက မွန်ပြည်နယ်သမဝါယမဦးစီးဌာနမှ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေးသည်။
May 20,2026
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပညာခေတ် (Grade-9) ကျောင်းသား မောင်အောင်ဘုန်းမြတ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း (Grade-9) ကျောင်းသူ နော်သက် ဆုရှင်၊ ပညာခေတ်ကိုယ်ပိုင်အထက်တန်းကျောင်း (Grade-10) ကျောင်းသူ မယွန်းသံစဉ်ချို၊ ပညာခေတ်ကိုယ်ပိုင်အထက်တန်းကျောင်း (Grade-11) ကျောင်းသား သုံးထပ်ကွမ်းလူရည်ချွန် မောင်ဝေယံကျော်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း (Grade-11) ကျောင်းသူ သုံးထပ်ကွမ်းလူရည်ချွန် မသော်တာစန်းနှင့် ပညာခေတ်ကိုယ်ပိုင်အထက်တန်းကျောင်း (Grade-12) ကျောင်းသား သုံးထပ်ကွမ်းလူရည်ချွန် မောင်စောမောဖိုးတို့အား ဂုဏ်ပြုကြိုဆိုပွဲကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်သည်။
May 20,2026
တောင်သူများ စိုက်ပျိုးစရိတ် သက်သာစေရန်အတွက် အစိုးရ၏ ရက် ၁၀၀ စီမံချက်ဖြင့် လယ်ယာဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ကျုံပျော်မြို့နယ် အောင်ဆန်းရပ်ကွက် မြေရဲတောင်အုပ်စု တောင်သူ ဦးကျော်မြင့်ဦး၏ လယ်ယာမြေ ၈ ဧက၌ ယမန်နေ့နံနက်က ဆောင်ရွက်သည်။