ကျုံပျော် မေ ၂၀
တောင်သူများ စိုက်ပျိုးစရိတ် သက်သာစေရန်အတွက် အစိုးရ၏ ရက် ၁၀၀ စီမံချက်ဖြင့် လယ်ယာဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ကျုံပျော်မြို့နယ် အောင်ဆန်းရပ်ကွက် မြေရဲတောင်အုပ်စု တောင်သူ ဦးကျော်မြင့်ဦး၏ လယ်ယာမြေ ၈ ဧက၌ ယမန်နေ့နံနက်က ဆောင်ရွက်သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြေရဲတောင် စိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်းသို့ တိုင်းဒေသကြီး ဘက်ဂျက်ဖြင့် ပံ့ပိုးပေးထားသည့် ထွန်စက်ဖြင့် မိုးစပါးစိုက်ပျိုးနိုင်ရန် မြေယာထွန်ယက်ခြင်း လယ်ယာဝန်ဆောင်မှုလုပ်ငန်းကို ဆောင်ရွက်ခဲ့ပြီး မြို့နယ်သမဝါယမဦးစီးဌာနမှ ဝန်ထမ်းများက ကွင်းဆင်းကြီးကြပ်သည်။
ထိုသို့ လယ်ယာဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းကို အသင်းသား တောင်သူများအပြင် ပုဂ္ဂလိကများကိုပါ သက်သာသောနှုန်းထားဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်သမဝါယမဦးစီးဌာနထံမှ သိရသည်။
နေဝင်းမြင့် (ပြန်/ဆက်)