ကျုံပျော် မေ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၏ ၂၀၂၆ - ၂၀၂၇ ခုနှစ် (ပထမ) အကြိမ် အင်း/ တင်ဒါ လေလံတင်ရောင်းချပွဲအခမ်းအနားကို ကျုံပျော်မြို့နယ် ဧရာမင်းခန်းမ၌ ယမန်နေ့နံနက် ၉ နာရီက ပြုလုပ်သည်။
ဦးစွာ တိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာနမှူး ဦးထွန်းထွန်းဝင်းနှင့် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောထွန်းဝင်းတို့က အဖွင့်အမှာစကားပြောကြားပြီး၊ စိုက်ပျိုးရေး၊ မွေးမြူရေး ဆည်မြောင်းနှင့် သယံဇာတရေးရာကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ကြိုင်မှ လိုအပ်သည်များ ရှင်းလင်းပြောကြားသည်။
ထို့နောက် အင်းလေလံတင်ရောင်းချရေးအဖွဲ့မှ နေရာယူကြပြီး၊ ကျောင်းကုန်းမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှူးက အင်းလေလံစည်းကမ်းချက်များအား ဖတ်ကြားရှင်းလင်းကာ ကျုံပျော်မြို့နယ်အတွင်းရှိ အင်း (၁၀) အင်း၊ ကျောင်းကုန်းမြို့နယ်အတွင်းရှိ အင်း (၂၂) အင်း၊ ရေကြည်မြို့နယ်အတွင်းရှိ အင်း (၁၇) အင်း၊ စုစုပေါင်း အင်း (၄၉) အင်းနှင့် တင်ဒါချက် (၂၀) တို့အား စည်းကမ်းချက်များနှင့်အညီ လေလံတင်ရောင်းချခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)