Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
လားရှိုးမြို့တွင် အသက် (၇၀) နှစ်နှင့်အထက် လူမျိုးဘာသာမရွေး တတိယအကြိမ်မြောက် သက်ကြီးဘိုးဘွားပူဇော်ပွဲ ကျင်းပ
Feb 24,2026
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် အသက် (၇၀) နှစ်နှင့်အထက် လူမျိုးဘာသာမရွေး တတိယအကြိမ်မြောက် သက်ကြီးဘိုးဘွားပူဇော်ပွဲကို ဖေဖော်ဝါရီလ ၂၂ ရက်နေ့က လားရှိုးမြို့ရှိ သာသနာ့ဗိမာန်၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တောင်ကြီးမြို့၌ ကုန်တင်ယာဉ်ရပ်နားစခန်းတည်ဆောက်ရန်အတွက် EOI အဆိုပြုလွှာ စီစစ်ရွေးချယ်ခြင်း အခမ်းအနား ကျင်းပ
Feb 24,2026
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၌ ကုန်တင်ယာဉ်ရပ်နားစခန်းတည်ဆောက်ရန်အတွက် EOI အဆိုပြုလွှာစီစစ်ရွေးချယ်ခြင်းအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာန အစည်းဝေးခန်းမ၌ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်နှင့်တာဝန်ရှိသူများ တက်ရောက်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး ဟိုပုံးမြို့နယ်၌ (နဝမ)အကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာပရိယတ္တိပါလကစာမေးပွဲတော်ကြီးတွင် စာအ…
Feb 24,2026
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ပရိယတ္တိပါလကအသင်းကြီးမှ ကျင်းပပြုလုပ်သော (နဝမ)အကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ ပရိယတ္တိပါလကစာမေးပွဲတော်ကြီးတွင် စာအောင်သံဃာတော်များ၊ သီလရှင်များအား ဆွမ်းဆန်လောင်းလှူပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က လွယ်အွန့်ကျေးရွာအုပ်စု၊ ဖာလွိုင်ဗွေလွန်းကျောင်းတိုက်တွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပဲခူးမြို့ ချမ်းမြေ့ဇေယျာသာမဏေကျော်တက္ကသိုလ်မှ သံဃာတော်များအား ကျန်းမာရေးစောင့်ရှောက်မှုများ ကွင်းဆင်းပြုလုပ်ပေး
Feb 24,2026
ကျန်းမာရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ပဲခူးမြို့၊ ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးဦးဆောင်သည့် အထူးကုဆရာဝန်ကြီးများပါဝင်သော ကျန်းမာရေးဝန်ထမ်းများသည် ယနေ့မွန်းလွဲပိုင်းအချိန်က ပဲခူးမြို့၊ ဇိုင်းဂနိုင်းတောင်ပိုင်းရပ်ကွက်ရှိ ချမ်းမြေ့ဇေယျာသာမဏေကျော်တက္ကသိုလ်အတွင်း သီတင်းသုံးနေထိုင်တော်မူကြသည့် ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များအား ကျန်းမာရေးစောင့်ရှောက်မှုများကွင်းဆင်းပြုလုပ်ပေးကြသည်။
အပြည့်အစုံ ဖတ်ရန်
နေပြည်တော် ပုဗ္ဗသီရိဈေး၌ မီးဘေးလုံခြုံရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေး စစ်ဆေးခြင်းများ ဆောင်ရွက်
Feb 24,2026
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ဇဝနဒီပရပ်ကွက်ရှိ နေပြည်တော် ပုဗ္ဗသီရိဈေး မီးဘေးလုံခြုံရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေးစစ်ဆေးခြင်းများကို ဖေဖော်ဝါရီလ ၂၃ ရက် မွန်းလွဲပိုင်းက ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဇမ္ဗူသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်
Feb 24,2026
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများပူးပေါင်း၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းက လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ်၌ ငါးသယံဇာတဖူလုံစေရန် မုန်းချောင်းသဘာဝရေပြင်အတွင်း ငါးမျိုးစိတ်ကောင်ရေ သုံးသိန်း မျိုးစိုက်ထည့်
Feb 24,2026
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ငါးလုပ်ငန်းဦးစီးဌာနက ပြည်သူများ ငါးစားသုံးမှု ဖူလုံစေရန်နှင့် ငါးသယံဇာတများ ကြွယ်ဝစေရန် ရည်ရွယ်၍ ဖေဖော်ဝါရီ ၂၄ ရက်၊ နံနက် ၈ နာရီက ပွင့်ဖြူမြို့၊ သက်တော်ရှည်ရပ်ကွက်အနီး မုန်းချောင်း သဘာဝရေပြင်အတွင်း ငါးမျိုးစိတ်ကောင်ရေ သုံးသိန်း မျိုးစိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မင်းဘူး (စကု) မြို့နယ်၌ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကျင်းပမည့် စာစစ်ဌာနများ ပြင်ဆင်ဆောင်ရွက်နေမှုနှင့် မီးဘေးလုံခြုံရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
Feb 24,2026
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန (၄) ခုဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ အဆိုပါစာစစ်ဌာနများတွင် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုနှင့် မီးဘေးလုံခြုံရေးလုပ်ငန်းများ စစ်ဆေးခြင်းကို ဖေဖော်ဝါရီ ၂၃ ရက် နေ့လယ်ပိုင်းက မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
1325
Page
1326
Page
1327
Page
1328
Current page
1329
Page
1330
Page
1331
Page
1332
Page
1333
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department