Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ကျွန်းလှမြို့နယ်တွင် Grade – 5နှင့် Grade - 9 ကျောင်းသား၊ ကျောင်းသူများ နှစ်ဆုံးစာမေးပွဲ ဆက်လက်ဖြေဆို
Feb 25,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ Grade–5 နှင့် Grade – 9 နှစ်ဆုံးစာမေးပွဲကို သက်ဆိုင်ရာ စာစစ်ဌာနများ၌ ကျောင်းသား၊ ကျောင်းသူများ ဆက်လက်ဖြေဆိုလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ကန့်ဘလူမြို့မစျေး၌ ပလတ်စတစ်အိတ် လျော့ချသုံးစွဲရေးနှင့်အစားထိုးအသုံးပြုရန် Recycle Bag အိတ်များ အခမဲ့ဖြန့်ဝေပေး
Feb 25,2026
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့မစျေး၌ ပလတ်စတစ်အိတ် လျော့ ချသုံးစွဲနိုင်ရေးအတွက် စျေးရောင်းချသူများအား Recycle Bag အိတ်များ အခမဲ့ဖြန့်ဝေပေးခြင်းကို ဖေဖော်ဝါရီ ၂၄ ရက်နံနက် ၉ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မူလတန်းကြိုကျောင်း ဆရာမများအတွက် ကစားနည်းသင်တန်းဖွင့်လှစ်
Feb 25,2026
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနတွင် မူလတန်းကြိုကျောင်း၊ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်း၊ ပုဂ္ဂလိကမူလတန်းကြိုကျောင်းများနှင့် ရန်ကုန်တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်ရေးကြီးကြပ်မှုအဖွဲ့မှ ဖွင့်လှစ်ထားသည့် မူလတန်းကြိုကျောင်းများမှ ဆရာမများအတွက် ကစားနည်းသင်တန်းဖွင့်ပွဲကို ဖေဖော်ဝါရီလ ၂၃ ရက်နံနက်ပိုင်းက ဓမ္မစေတီလမ်း အိမ်တွင်းမှုအသက်မွှေးလုပ်ငန်းပညာသင်ကျောင်း (၃) ထပ်ဆောင်၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပြည်တွင်းပြည်ပဂုဏ်ထူးဆောင် (၁၄)ဘွဲ့ရဆရာတော် ဒေါက်တာဘဒ္ဒန္တပုပ္ဖအရှင်သူမြတ်အား ဂုဏဝိသိဋ္ဌပူဇာမင်္ဂလာပွဲ ကျင်းပ
Feb 25,2026
ကော့လမုကျေးရွာ ကော့လမုတိုက်ကျောင်း ပြည်တွင်း/ ပြည်ပဂုဏ်ထူးဆောင်(၁၄)ဘွဲ့ရ ဇာသပြင်တိုက်နယ်ပဝါရဏာ ဂိုဏ်းချုပ်၊ ကော်လမုကျေးရွာ YMBA အသင်း ဩဝါဒါစရိယ၊ ကော့လမုတိုက်ကျောင်းဆရာတော် ဒေါက်တာဘဒ္ဒန္တပုပ္ဖမဟာထေရ်မြတ်အား ဂုဏဝိသိဋ္ဌပူဇာမင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကော့လမုတိုက်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ညောင်လေးပင်မြို့၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးလျက်ရှိ
Feb 25,2026
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်၊ ပြည်သူ့ဆေးရုံတွင် ဖေဖော်ဝါရီ ၂၃ ရက် နံနက်(၉)နာရီအချိန်က မြို့နယ်အတွင်းရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာတက်ကြွသော လူကြီးဘဝသဘောတရားကိုအခြေခံ၍ ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်ပေးကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် စက်ရုံ၊ အလုပ်ရုံများ မီးလောင်မှုမဖြစ်ပွားစေရန် မီးဘေးကြိုတင်ကာကွယ်ရေး စစ်ဆေးအကြံပြုခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်…
Feb 25,2026
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် စက်ရုံ၊ အလုပ်ရုံများ မီးလောင်မှုမဖြစ်ပွားစေရန် မီးဘေးကြိုတင်ကာကွယ်ရေး စစ်ဆေး/အကြံပြုခြင်း လုပ်ငန်းများဆောင်ရွက်ခြင်းကို ဖေဖော်ဝါရီ ၂၃ ရက် နံနက်(၁၀)နာရီမှစတင်၍ နေ့စဉ်ရွှေသံလွင်စက်မှုဇုန်အတွင်းတွင် မီးသတ်ဦးစီးဌာန တာ၀န်ရှိသူများက ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ရေတာရှည်မြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင်များ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး လိုက်လံစစ်ဆေး
Feb 24,2026
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ရေတာရှည်မြို့နယ်တွင် ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်သဖြင့် ပြည်သူများ မီးဘေးအန္တရာယ်မှ ကင်းဝေးစေရေးနှင့် မီးဘေးကြိုတင်ကာကွယ်ရေးတို့အတွက် မီးသတ်ဦးစီးဌာနမှ မြို့ပေါ်အတွင်းရှိ စက်သုံးဆီဆိုင်များအား မီးဘေးလုံခြုံရေးကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့ နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လူထုအခြေပြုဗဟိုဌာန (ဗဟန်း)တွင်စာရေးဆရာမ မြတ်နိုးရှင်း၏"လိုအပ်တာတွေ"ဆောင်းပါးဖြင့် Book Club စာဖတ်ဝိုင်းပြုလုပ်
Feb 24,2026
ရန်ကုန်တိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဗဟန်းလူထုအခြေပြုဗဟိုဌာနတွင် ယနေ့ မွန်းလွဲ ၁ နာရီအချိန်က စာရေးဆရာမ မြတ်နိုးရှင်း၏"လိုအပ်တာတွေ"ဆောင်းပါးဖြင့် Book Club စာဖတ်ဝိုင်းပြုလုပ်ခဲ့ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်သင်းသင်းစိုး၊ ဗဟန်း Book Club အဖွဲ့ဝင်များ၊ မြန်မာ့တံခွန်အယ်ဒီတာချုပ် ဆရာဦးသူရဇော်နှင့် စာပေချစ်မြတ်နိုးသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
1323
Page
1324
Page
1325
Page
1326
Current page
1327
Page
1328
Page
1329
Page
1330
Page
1331
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department