အမြို့မြို့အနယ်နယ်သတင်းများ

Jun 20,2025
၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို ကချင်ပြည်နယ်အတွင်း မြို့နယ်(၁၂)ခုတွင် စာစစ်ဌာန(၂၂)ခု ဖွင့်လှစ်၍ ဇွန် ၁၆ ရက်နေ့မှ စတင်၍ ကျင်းပပြုလုပ်စစ်ဆေးလျက်ရှိရာ ယနေ့ ဇွန် ၂၀ ရက်နေ့တွင် စာမေးပွဲပဉ္ဇမနေ့အဖြစ် ရူပဗေဒဘာသာရပ်နှင့် သမိုင်းဘာသာရပ်များ စစ်ဆေးကျင်းပမှုကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ရှိ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန၌ စာမေးပွဲဖြေဆိုလျက်ရှိသော ကျောင်းသား/ ကျောင်းသူများအား သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
Jun 20,2025
ကျောင်းသားလူးငယ်များ မူးယစ်ဆေး၏အန္တရာယ်ကြီးမားပုံနှင့် ဆိုးကျိုးများကိုသိရှိပြီး မူးယစ်၏သားကောင်များ မဖြစ်ကြစေရန်နှင့် မူးယစ်ဆေး၏အန္တရာယ်ကင်းဝေစေရန် ရည်ရွယ်ပြီး ရေဦးမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက် ၉:၃၀ နာရီက ၂၀၂၅ ခုနှစ် ဇွန်လ ၂၆ ရက်နေ့၌ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အလယ်တန်းဆင့် စာစီစာကုံး ပြိုင်ပွဲကျင်းပခဲ့ကြောင်း သိရသည်။
Jun 20,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ အောင်ဆန်းခန်းမတွင် ယနေ့နေ့လယ်(၂)နာရီအချိန်၌ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေအကြောင်းအရာများအား အသိပညာပေးဟောပြောပွဲ ကျင်းပဆောင်ရွက်သည်။
Jun 20,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ အောင်ဆန်းခန်းမတွင် ယနေ့နေ့လယ်(၁)နာရီအချိန်၌ အမှိုက်အမျိုးအစား(၄)မျိုး ခွဲခြား၍ စနစ်တကျစွန့်ပစ်နိုင်ရေး အသိပညာပေး ဟောပြောပွဲကျင်းပခဲ့ကြောင်း သိရသည်။
Jun 20,2025
ကရင်ပြည်နယ်၊  မြဝတီမြို့နယ်အတွင်း  လမ်းအသုံးပြုသူ   မော်တော်ယာဉ်/ မော်တော်ဆိုင်ကယ်များအား မော်တော်ယာဉ် နည်းဥပဒေ/ ဥပဒေပါ သတ်မှတ်ပြဋ္ဌာန်းချက်များအတိုင်း တိကျစွာ လိုက်နာမှုရှိစေရေး အသိပညာပေး စစ်ဆေးဆောင်ရွက်ခြင်းကို ဇွန်လ ၁၉ရက်နေ့ ညနေ ၃ နာရီက မြဝတီမြို့၊ အမှတ်(၄) ရပ်ကွက်၊ ဘုရားကြီးဝန်းနှင့် အမှတ်(၅)ရပ်ကွက်၊ ရေပူမီးပွိုင့် လမ်းဆုံတို့၌ ဆောင်ရွက်သည်။          
Jun 20,2025
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန် ကာကွယ်ဆေးများ အကြိမ်ပြည့်ထိုးနှံပေးခြင်းနှင့် ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံပေးခြင်းကို ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီတွင် Pfizer COVID-19 ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်ပညာရေးမှူးရုံး၌ ထက်၊ လယ်၊ မူ ကျောင်းအုပ်ဆရာကြီးများနှင့် ဆရာမကြီးများအား ထိုးနှံပေးလျက်ရှိသည်။
Jun 20,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ယနေ့နံနက်(၈)နာရီအချိန်က အပတ်စဥ်(၅) သူနာပြု- သားဖွား ဒီပလိုမာ သင်တန်းသား/သူများ၏ ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းခြင်းအခမ်းအနား အားသူနာပြုသင်တန်းကျောင်းရှိခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
Jun 20,2025
မွန်ပြည်နယ်၊ ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် နယ်လှည့်စာကြည့်တိုက် အသိပညာပေးဟောပြောခြင်း နံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့ မွန်းလွဲ(၁)နာရီက (အ.မ.က) ကန်ဖြူကျောင်း‌‌၌ ပြုလုပ်ခဲ့သည်။