အမြို့မြို့အနယ်နယ်သတင်းများ

Feb 23,2026
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် မုံရွာမြို့၊ အရှေ့ဘက်ကန်သာယာကန်ရှိ ရာပြည့်ကပ်ကျော်စေတီတော် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် အဆိုပါစေတီတော်ကြီးပရဝဏ်အတွင်း ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ မုံရွာမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းတိုက်များမှ ပင့်သံဃာဆရာတော်ကြီးများ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့် ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
Feb 23,2026
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်သည် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းနှင့်အတူ ယနေ့နံနက်ပိုင်းက ညောင်ရွှေမြို့နယ် အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ရတနာစံကျောင်းတော်သို့ ရောက်ရှိပြီး ကျောင်းတော်မြောက်ဘက်မုခ်လှေခါး ပြင်ဆင်ဆောင်ရွက်နေမှုကို ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။
Feb 23,2026
မကွေးမြို့၊ မြန်မာ့စီးပွားရေးဘဏ်တွင် နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များအား ကျန်းမာရေးစောင့်ရှောက်မှုကို လက်လှမ်းမီရရှိစေရေးနှင့် စိုက်ထုတ်ကုန်ကျရသော ဆေးကုသမှုစရိတ် လျော့နည်းကျဆင်းစေရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ဆောင်ရွက်မှုဖြင့် ကျန်းမာရေးစောင့်ရှောက်မှုအဖြစ် အခမဲ့ဆေးကုသပေးခြင်းကို ဖွင့်လှစ်ဆောင်ရွက်ထားရှိရာ ယနေ့နံနက် ၈ နာရီက တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်သည် အဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါကာ နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များအား အခမဲ့ဆေးကုသပေးခြင်း၊ သွားတုအံကပ်တပ်ဆင်ရန် တိုင်းတာပေးနေမှုနှင့် အခြေခံစားသောက်ကုန်များအား သက်သာ‌သောဈေးနှုန်းဖြင့် ရောင်းချပေးနေမှုအား သွားရောက်ကြည့်ရှုအားပေးသည်။
Feb 23,2026
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်၌ တည်ထားကိုးကွယ်လျက်ရှိသော သမိုင်းဝင်ရွှေဘုန်းပွင့်​စေတီတော်မြတ်ကြီး၌ (၆၄)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်နှင့် ဆွမ်းဆန်တော်လောင်းလှူပွဲကို ၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်နေ့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်သည်။
Feb 23,2026
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား/ကျောင်းသူများအား နွေရာသီပန်းချီ (အခမဲ့) သင်တန်းဖွင့်လှစ်ပွဲအခမ်းအနားကို မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ယနေ့ နံနက် ၈ နာရီက ဆောင်ရွက်သည်။
Feb 23,2026
စစ်ကိုင်းမြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် ပြည်သူလူထု၏ အသက်အိုးအိမ်ပစ္စည်းများ၊ နိုင်ငံတော်အတွင်းရှိ ကုန်ထုတ်အရင်းအနှီးများကို မီးဘေးအန္တရာယ်မှ လုံခြုံမှုရှိစေပြီး မီးလောင်မှုအကြိမ်နှင့် ဆုံးရှုံးမှုတန်ဘိုးများ လျော့နည်းကျဆင်းစေရန်အတွက် မီးသတ်ဦးစီးဌာန၏ ဆောင်ပုဒ်ဖြစ်သည့် မိုးမှာလေ့ကျင့်၊ ဆောင်းမှာစစ်ဆေး၊ အကြံပေး၊ နွေမှာအသင့်ရှိရေးနှင့်အညီ သက်ဆိုင်ရာအဖွဲ့အစည်းများဖြင့်ပူးပေါင်း၍ ယမန်နေ့မွန်းလွဲပိုင်းက စစ်ကိုင်းမြို့၊ ရွှေမင်းဝံစျေးအတွင်း မီးဘေးကြိုတင်ကာကွယ်ရေး လက်တွေ့သရုပ်ပြသခြင်းများ ဆောင်ရွက်ခဲ့သည်။
Feb 23,2026
မိတ္ထီလာမြို့၌ ကျန်းမာရေးလေ့ကျင့်ခန်းပြုလုပ်သည့် ကိရိယာပစ္စည်းကိရိယာများကို အများပြည်သူအသုံးပြုလေ့ကျင့်နိုင်ရေးအတွက် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်လမ်းညွှန်မှုနှင့် စေတနာရှင်အလှူရှင်များ၏ လှူဒါန်းမှုဖြင့် နေရာ ၅ နေရာတွင် တိုးချဲ့ထားရှိသွားမည်ဖြစ်ကြောင်း သိရသည်။