Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ပခုက္ကူမြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အကြိုနှင့် စာဖတ်ရှိန်မြှင့်ရေးအသိပညာပေးဟောပြောပွဲပြုလုပ်
Jun 20,2025
၂၀၂၅ခုနှစ်၊ ဇွန်လ၂၆ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အကြိုနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
တာချီလိတ်မြို့၌ ငါးမွေးတောင်သူများထံသို့ ငါးသားပေါက်များ ထောက်ပံ့ပေးအပ်
Jun 20,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်အတွင်း ရာဂီမုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးသွားသည့် ငါးမွေးကန်များအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှ ငါးမွေးတောင်သူများထံသို့ ငါးသားပေါက်များထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ နံနက် ၉ နာရီက မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု၊ ဝှေလေလန်ကျေးရွာရှိ ရှမ်းဘုန်းကြီးကျောင်း၌ ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ကြံခင်းမြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်
Jun 20,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာ၊ အုပ်စုများတွင် သွေးလွန်တုပ်ကွေး ကြိုတင်ကာကွယ်ရေး အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို ယနေ့နံနက်ပိုင်းက ကျန်းမာရေးဝန်ထမ်းများ၊ စည်ပင်သာယာရေးအဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် စာရေးများ၊ လူမှုရေးအသင်းအဖွဲ့များပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကျိုက်မရောမြို့ အ.မ.က မဟာမြိုင်ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးနယ်လှည့်လှုပ်ရှားမှု ကွင်းဆင်းဆောင်ရွက်
Jun 20,2025
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေး ဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းများကို ဇွန် ၁၇ ရက်နံနက်က ရေတွင်းကုန်းကျေးရွာ အ.မ.က မဟာမြိုင်ကျောင်း၌ ပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
တာလေမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးနယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာအုပ်၊ စာစောင်များငှားရမ်းပေး
Jun 20,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း ၊ တာချီလိတ်ခရိုင် ၊ တာလေမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာဖတ်ရှိန်မြှင့်တင်ရေးနယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာဖတ်ပရိသတ်ထံလက်ဝယ်အရောက် စာအုပ်၊ စာစောင်များငှားရမ်းပေးခြင်းကို အပတ်စဉ် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် (၁၀)နာရီအချိန်က ဌာနဆိုင်ရာရုံးများထံ အခမဲ့သွားရောက်ငှားရမ်းပေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ပုသိမ်ကြီးမြို့နယ်တွင်၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ရူပဗေဒနှင့် သမိုင်းဘာသာရပ် ဆက်လက်ဖြေဆို
Jun 20,2025
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ Grade -12 ရူပဗေဒဘာသာရပ်နှင့် သမိုင်း ဘာသာရပ်တို့အား ယနေ့နံနက် ၉ နာရီက အ-ထ-က ပုသိမ်ကြီးနှင့် အ-ထ-က အုန်းချောတို့၌ ဆက်လက်ဖြေဆိုလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
မင်းလှမြို့နယ်တွင် အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွား(၁၁)ဦးအား အိမ်တိုင်ရာရောက်ကျန်းမာရေးစစ်ဆေး ကုသပေးခြင်းဆောင်ရွက်
Jun 20,2025
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့ပေါ်ရပ်ကွက်များရှိ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွား(၁၁)ဦးအား အိမ်တိုင်ရာရောက်ကျန်းမာရေးစစ်ဆေးကုသဆောင်ရွက်ခြင်းကို ယနေ့ နံနက်(၈:)နာရီက ရုံးရပ်တောင်ရပ်ကွက်တွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဇီးကုန်းမြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲခြင်း၊ နံရံကပ်စာစောင်ပြသခြင်းများ ကွင်းဆင်းဆောင်ရွက်
Jun 20,2025
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားလာစေရန် ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲခြင်း၊ နံရံကပ်စာစောင်ပြသခြင်းများကို ဇွန် ၁၈ ရက်နေ့ နံနက် ၉ နာရီအချိန်က ထန်းတပင်ကျေးရွာ (အ.လ.က ထန်းတပင်ကျောင်း) ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
1327
Page
1328
Page
1329
Page
1330
Current page
1331
Page
1332
Page
1333
Page
1334
Page
1335
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department