အမြို့မြို့အနယ်နယ်သတင်းများ

Feb 26,2026
နိုင်ငံတော်မှချမှတ်ထားသည့် ဦးတည်ချက်များအနက် လူမှုရေး ဦးတည်ချက်တွင် ပါဝင်သည့် “တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံး အကျူံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍ မြှင်တင်ဆောင်ရွက်ရေး”ဟူသည့် ဦးတည်ချက်အား အကောင်အထည်ဖော် ဆောင်ရွက်သည့်အနေဖြင့် စစ်ကိုင်းတိုင်းဒေသ ကြီးအစိုးအဖွဲ့၏ လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် ၂၀၂၆-ခုနှစ်၊ နွေရာသီ အခြေခံအားကစားသင်တန်းများ ဖွင့်ပွဲအခမ်း အနားကို ဖေဖော်ဝါရီလ ၂၆ ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ ပြည်သူ့အားကစားကွင်း အတွင်း ရှိ မိုးလုံလေလုံအားကစားခန်းမတွင် ကျင်းပပြုလုပ်ရာ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ၊ မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်၊ဒီဂရီကောလိပ်များမှ ကျောင်းသား၊ကျောင်းသူများ တက်ရောက် ကြသည်။
Feb 26,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများအား ငလျင်ဘေးကြောင့် ပျက်စီးဆုံရှုံးသွားသည့် မိသားစုယင်လုံအိမ်သာ ၂၅ လုံးအတွက် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ ငွေသားများ ပေးအပ်ခြင်းကို ဖေဖော်ဝါရီ ၂၅ ရက်နေ့ နံနက် ၁၀ နာရီက ကျွန်းလှကျေးရွာအုပ်စု၊ ကျွန်းလှကျေးရွာ ရွာဦးဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။
Feb 26,2026
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် နွေရာသီအခြေခံအားကစားနည်းသင်တန်းဆင်းပွဲကို ယမန်နေ့ညနေ ၃ နာရီအချိန်က မြို့မအားကစားကွင်းတွင် ကျင်းပပြုလုပ်သည်။
Feb 26,2026
မန္တလေးတိုင်းဒေသကြီး၊ ကျာက်ဆည်ခရိုင်၊  မြစ်သားမြို့နယ်တွင် ၂၀၂၅ -၂၀၂၆ ပညာသင်နှစ် တက္ကသိုလ် ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ  အောင်ချက်မြင့်မားရေးအတွက် ကျောက်ဆည်တက္ကသိုလ်မှ ဆရာကြီး၊ ဆရာမကြီးများက သင်တန်းပို့ချခြင်းကို ဖေဖော်ဝါရီ ၂၅ ရက် နေ့လယ် ၁၂ နာရီက မြစ်သားမြို့ အနော်ရထာခန်းမနှင့် ကူမဲမြို့ အ‌ခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမတို့၌ သင်တန်းပို့ချဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Feb 26,2026
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး  ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သော ဝန်ထမ်းအိမ်ရာများ ပြန်လည်ပြုပြင်နေမှုအခြေအနေအား ကြည့်ရှုစစ်ဆေး
Feb 25,2026
ဧရာဝတီတိုင်းဒေသကြီးအဆင့် တောင်သူလယ်သမား နေ့အခမ်းအနားကို ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ မရမ်းချောင်းကျေးရွာ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ပါသည်။ ၂၀၂၆ ခုနှစ် တောင်သူလယ်သမားနေ့ အခမ်းအနားကျင်းပရာ မရမ်းချောင်းကျေးရွာ၌ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ရမှုနှင့်ပတ်သက်၍ တာဝန်ရှိသူများအား တွေ့ဆုံမေးမြန်းခဲ့ပါသည်။
Feb 25,2026
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ဖျာပုံမြို့နယ်တွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏လမ်းညွှန်မှုဖြင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြို့နယ်ဘောလုံးပြိုင်ပွဲကျင်းပရေးကော်မတီတို့ပူးပေါင်း၍ လူငယ်လူရွယ်များ ဗလငါးတန်နှင့် ပြည့်စုံစေရေး၊ ကျန်းမာကြံ့ခိုင်စေရေးနှင့် မျိုးဆက်သစ်ဘောလုံးအားကစားသမားကောင်းများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား ဖိတ်ခေါ် အလွတ်တန်းဘောလုံးပြိုင်ပွဲကို ယမန်နေ့နေ့လယ်ပိုင်းအချိန်က ဖျာပုံမြို့ ပြည်သူ့ အားကစားကွင်းကြီးတွင် ဆက်လက်ကျင်းပသည်။