ပန်းတောင်းမြို့နယ်၌ နွေစပါးလျာထားဧက ပြည့်မီစွာ စိုက်ပျိုးနိုင်ရေး ကွင်းဆင်းဆောင်ရွက်

ပန်းတောင်း ဖေဖော်ဝါရီ ၂၈

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ရွှေညီနောင်အုပ်စု၊ ရွှေညီနောင်ကျေးရွာတွင် နွေစပါးလျာထားဧက ပြည့်မီစွာစိုက်ပျိုးနိုင်ရေးကို ယမန်နေ့နံက်ပိုင်းက စိုက်ပျိုးရေးဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတတ်ရေးဦးစီးဌာန၊ သမဝါယမဦးစီးဌာနတို့ပူးပေါင်း၍ တောင်သူများနှင့်တွေ့ဆုံ၍ ကွင်းဆင်းခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းရာတွင် ရွှေညီနောင်အုပ်စု၊ ရွှေညီနောင်ကျေးရွာ တောင်သူများမှ ဧက(၆၀)အတွက် ဗီယက်နမ်မျိုးစပါး လိုအပ်ချက်များဆွေးနွေးခဲ့ပြီး ကွင်းအမှတ်(၉၀)၊ ဦးပိုင်အမှတ်(၃၅)၊ နွေစပါးလျာထားဧက (၅၀) ပြည့်မီစွာစိုက်ပျိုးနိုင်ရေး လျာထားစိုက်ပျိုးမည်ဖြစ်ကြောင်း ဌာနပေါင်းစုံစုပေါင်း၍ ကွင်းဆင်းခဲ့ကြောင်း သိရသည်။

လပြည့်လင်း (ပြန်/ဆက်)