Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
မှော်ဘီမြို့နယ်၌ ရပ်ကွက်/ကျေးရွာစာကြည့်တိုက်များ စာဖတ်ရှိန်မြှင့်တင်ရေးဆွေးနွေးပွဲနှင့် MRTV DTH စလောင်းနှင့် ဆက်စပ်ပစ္စည်းများ ထပ်ဆင့်လှူဒါန်းပေးအပ်ပွဲ ကျင်း…
Jun 25,2025
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ်၌ ရပ်ကွက်/ကျေးရွာစာကြည့်တိုက် များ စာဖတ်ရှိန်မြှင့်တင်ရေး၊ စာကြည့်တိုက်များ ရှင်သန်ခိုင်မာရေးဆွေးနွေးပွဲနှင့် ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ရပ်ကွက်/ကျေးရွာစာကြည့်တိုက်များအားလှူဒါန်းသည့် MRTV DTH စလောင်းနှင့် ဆက်စပ်ပစ္စည်းများ ထပ်ဆင့်လှူဒါန်းပေးအပ်ပွဲကို ဇွန်လ ၂၃ ရက်နေ့နံနက်၉နာရီအချိန်က ညောင်ကုန်းကျေးရွာအုပ်စု၊ မြောက်ချောကုန်းကျေးရွာ "မျိုးမြန်မာ" စာကြည့်တိုက်၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဇေယျာသီရိမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့အအေးပေးပစ္စည်းများနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ ကျင်းပ
Jun 25,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့အအေးပေးပစ္စည်းများနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ဇေယျာသီရိမြို့နယ် ကျည်တောင်ကျေးရွာအုပ်စု၊ အမှတ်(၁၆) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းစံမြို့ မြို့လယ်ဘုန်းတော်ကြီးကျောင်းတွင် ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေ အသိပညာပေးဆွေးနွေးပွဲကျင်းပ
Jun 25,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေများ အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က အမှတ်(၁)ရပ်ကွက် မြို့လယ်ဘုန်းတော်ကြီးကျောင်းတွင် ဆောင်ရွက်ခဲ့ရာ မိုင်းစံမြို့ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်မိ ရပ်ဖများ၊ ရာစုမှူးများ၊ ရပ်ကွက်နေပြည်သူများ တက်ရောက်ခဲ့ကြသည်၊၊
အပြည့်အစုံ ဖတ်ရန်
ကျောက်တန်းမြို့နယ်၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ
Jun 25,2025
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို နံနက်(၁၀)နာရီတွင် အ.မ.က(ကရက်)ကျောင်း၌ ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စဉ့်ကိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲကျင်းပ
Jun 25,2025
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာအုပ် စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club )အဖွဲ့နှင့် အခြေခံပညာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၆ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်း အမှတ်အဖြစ် လူထုအခြေပြုဗဟိုဌာန (Community centre)ခန်းမ၌ စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲများကို ဇွန် ၂၅ရက် နံနက် ၉နာရီက ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
အင်းစိန်မြို့နယ်၌ မူးယစ်ဆေးဝါးအန္တရာယ်လျော့ချရေးနှင့်မှုခင်းကျဆင်းရေး အသိပညာပေး ဟောပြောပွဲ၊ နံရံကပ် ဓါတ်ပုံပြပွဲကျင်းပ
Jun 25,2025
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်တွင် အင်းစိန်မြို့နယ် မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ပညာရေးမှူးရုံးနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍ ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်း ဝယ်ရေးတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် မူးယစ်ဆေးဝါးအန္တရာယ်လျော့ချရေးနှင့်မှုခင်းကျဆင်းရေးအသိပညာပေး နံရံကပ်ဓါတ်ပုံပြပွဲ၊ ဟောပြောပွဲ၊ အခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီအချိန်တွင် အ.ထ.က(၁)အင်းစိန်၊ ဧရာဝတီခန်းမတွင် ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ခမောက်ကြီးမြို့၌ တောင်သူများအား ကော်ဖီပျိုးပင်နှင့်ကိုကိုးပျိုးပင်များ အခမဲ့ဖြန့်ဝေခြင်းနှင့် စိုက်ပျိုးရေးဆိုင်ရာ နည်းပညာပေးသင်တန်း ပြုလုပ်
Jun 25,2025
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ခမောက်ကြီးမြို့ စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် ခမောက်ကြီးမြို့အတွင်းကျေးရွာများရှိ တောင်သူများအား ကော်ဖီ၊ကိုကိုး ပျိုးပင်များအခမဲ့ဖြန့်ဝေပေးအပ်ပွဲကို ယနေ့နံနက်က ခမောက်ကြီးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ကျင်းပသည်။ အဆိုပါ ပျိုးပင်ပေးအပ်ပွဲတွင် ကော်ဖီစိုက်တောင်သူ(၉)ဦးအား စိုက် ဧရိယာ ၇၅ ဧကအတွက် ပျိုးပင် ၃၀၀၀၀၊ ကိုးကိုးစိုက်တောင်သူသုံးဦး၏ စိုက်ဧရိယာ ၁၅ ဧကအတွက် ပျိုးပင် ၆၀၀၀ ပေးအပ်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
လှည်းကူးမြို့နယ်၊ မီလာဂါးဒင်းစက်ရုံဝန်ထမ်းများအား တီဘီရောဂါ ရှိ၊ မရှိ အခမဲ့စစ်ဆေးခြင်းဆောင်ရွက်
Jun 25,2025
ရန်ကုန်တိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အောင်ဆန်းတီဘီရောဂါ တိုက်ဖျက်ရေးအဖွဲ့မှ ဒေါက်တာရဲမြင့်ထွန်း ဦးဆောင်သောအဖွဲ့နှင့် လှည်းကူးမြို့နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်တီဘီရောဂါတိုက်ဖျက်ရေးအဖွဲ့တို့ ပူးပေါင်း၍ ဇွန်လ ၂၃ ရက်နေ့ စ၍ လှည်းကူးမြို့နယ် မီလာဂါးဒင်းစက်ရုံရှိ ဝန်ထမ်းများအား တီဘီရောဂါ ရှိ/မရှိ စစ်ဆေး ကုသခြင်းကို အခမဲ့ကွင်းဆင်းကုသပေးကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
1266
Page
1267
Page
1268
Page
1269
Current page
1270
Page
1271
Page
1272
Page
1273
Page
1274
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department