စဉ့်ကိုင် ဇွန် ၂၅
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာအုပ် စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club )အဖွဲ့နှင့် အခြေခံပညာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၆ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်း အမှတ်အဖြစ် လူထုအခြေပြုဗဟိုဌာန (Community centre)ခန်းမ၌ စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲများကို ဇွန် ၂၅ရက် နံနက် ၉နာရီက ကျင်းပသည်။
ပြိုင်ပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းသန်းက ပြိုင်ပွဲများ ကျင်းပရခြင်းအကြောင်းရှင်းလင်းပြောကြားသည်။ ယင်းနောက် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် “မူးယစ်ကိုပြစ် စာကိုချစ်” ခေါင်းစဉ်ဖြင့် ပြိုင်ပွဲဝင်၁၂ဦးနှင့် ကဗျာရွတ်ပြိုင်ပွဲတွင် “ရှောင်လေဝေးဝေးမူးယစ်ဆေး” ခေါင်းစဉ်ဖြင့် ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူ ၁၀ ဦးတို့ ဝင်ရောက် ယှဉ်ပြိုင်သည်။
ထို့နောက် တက်ရောက်လာသူများအား ၂၀၂၅ခုနှစ် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဝေငှခြင်း၊ အသိပညာပေးနံရံကပ် စာစောင်များနှင့် သုတ/ရသစုံလင်သည့် စာအုပ်စာစောင်များကို ပြသခဲ့ကြကြောင်း သိရသည်။
ကျော်စွာ (စဉ့်ကိုင်)