ကျောက်တန်းမြို့နယ်၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ

ကျောက်တန်း ဇွန် ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို နံနက်(၁၀)နာရီတွင် အ.မ.က(ကရက်)ကျောင်း၌ ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသန့်ဇင်ထွန်းက ကျောင်သား၊ ကျောင်းသူများအား စာဖတ်ခြင်းဖြင့် အသိပညာဗဟုသုတ အကျိုးကျေးဇူးများကို ပေးစွမ်းနိုင်ခြင်းရှိကြောင်းနှင့် ကျောင်းစာအပြင်သုတ/ရသစာအုပ်စာပေ များကို ဖတ်ရှုလေ့လာသင့်ကြောင်းအရာများ၊ မူးယစ်ဆေးဝါးအန္တရာယ်အကြောင်းသိကောင်းစရာနှင့် ကလေးအလုပ်သမားပပျောက်ရေးအကြောင်း သိကောင်းစရာများဟောပြော ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူလေးများမှ သိရှိလိုသည်များ မေးမြန်းခဲ့မှုအပေါ် ပြန်လည်ဖြေ ကြားခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော နံရံကပ်စာစောင်များ၊ စာအုပ်စာစောင်များ ခင်းကျင်းပြသဆောင်ရွက်ခဲ့ပြီး ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ကလေးအလုပ်သမား လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေခဲ့သည်။

နေလင်းကျော်