ခမောက်ကြီး ဇွန် ၂၅
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ခမောက်ကြီးမြို့ စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် ခမောက်ကြီးမြို့အတွင်းကျေးရွာများရှိ တောင်သူများအား ကော်ဖီ၊ကိုကိုး ပျိုးပင်များအခမဲ့ဖြန့်ဝေပေးအပ်ပွဲကို ယနေ့နံနက်က ခမောက်ကြီးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ခရိုင်စိုက်ပျိုး ရေးဦးစီးဌာနမှမှူးဦးမြင့်ဇော်က အမှာစကားပြောကြားခဲ့ပြီး ခမောက်ကြီးမြို့အုပ်ချုပ်ရေးမှူးဦးထိန်လင်းက လိုအပ်သည်များ ဆွေးနွေးပြောကြားသည်။
ယင်းနောက် တာဝန်ရှိသူများက ကော်ဖီ၊ကိုကိုးပျိုပင်များအားအခမဲ့ဖြန့်ဝေပေးအပ်ခဲ့ပြီး ခမောက်ကြီးမြို့စိုက်ပျိုးရေးဦးစီးမှူးဒေါ်အေးသီတာ၊ ခရိုင်မြေအသုံးချရေးတာဝန်ခံ ဦးကျော်စွာမင်း၊ ခရိုင်မျိုးစေ့တာဝန်ခံဦးဆန်းဝင်းအောင်နှင့် ခရိုင်(၁၀)မိုင်ဥယျာဉ်ခြံ ဦးစီးမှူး ဒေါ်ရီရီစိန်တို့က ကော်ဖီနှင့်ကိုကိုးစိုက်ပျိုးခြင်းနည်းပညာပေးသင်တန်းပို့ချခြင်း၊ မြေဩဇာ ဥပဒေ၊ မျိုးစေ့ဥပဒေ၊ပိုးသတ်ဆေးဥပဒနှင့်လုပ်ထုံးလုပ်နည်းများကို ရှင်းလင်းပြောကြားသည်။
အဆိုပါ ပျိုးပင်ပေးအပ်ပွဲတွင် ကော်ဖီစိုက်တောင်သူ(၉)ဦးအား စိုက် ဧရိယာ ၇၅ ဧကအတွက် ပျိုးပင် ၃၀၀၀၀၊ ကိုးကိုးစိုက်တောင်သူသုံးဦး၏ စိုက်ဧရိယာ ၁၅ ဧကအတွက် ပျိုးပင် ၆၀၀၀ ပေးအပ်ခဲ့ကြောင်းသိရသည်။
ခမောက်ကြီး(ပြန်/ဆက်)