အင်းစိန်မြို့နယ်၌ မူးယစ်ဆေးဝါးအန္တရာယ်လျော့ချရေးနှင့်မှုခင်းကျဆင်းရေး အသိပညာပေး ဟောပြောပွဲ၊  နံရံကပ် ဓါတ်ပုံပြပွဲကျင်းပ

အင်းစိန် ဇွန် ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်တွင် အင်းစိန်မြို့နယ် မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ပညာရေးမှူးရုံးနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍ ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်း ဝယ်ရေးတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ်  မူးယစ်ဆေးဝါးအန္တရာယ်လျော့ချရေးနှင့်မှုခင်းကျဆင်းရေးအသိပညာပေး နံရံကပ်ဓါတ်ပုံပြပွဲ၊ ဟောပြောပွဲ၊ အခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီအချိန်တွင် အ.​ထ.က(၁)အင်းစိန်၊ ဧရာဝတီခန်းမတွင် ကျင်းပပြုလုပ်သည်။

ဟောပြောပွဲတွင် မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း(ဗဟို)ဥက္ကဋ္ဌဝဏ္ဏကျော်ထင် ဦးစိုးဝင်း ၊ အင်းစိန်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမျိုးမြင့်တို့က အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ အင်းစိန်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူဒေါ်စန္ဓာထွန်း၊ မြို့နယ်မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအသင်းဥက္ကဋ္ဌ ဦးဘိုကြည်၊  မြို့နယ်ပညာရေးမှူးဒေါ်ဝင်းဝင်းနွယ်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှဒုတိယရဲမှူး မောင်မောင်အေးနှင့် မြို့နယ်ဒုတိယတရားသူကြီးဦးမင်းသန်းဖြိုးတို့က မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများအန္တရာယ်များ၊ တိုက်ဖျက်ရေးဆောင်ရွက်ချက်များ၊ မူးယစ်ဆေးဝါးနှင့်ပတ်သက်သော ဥပဒေ ၊ နည်းဥပဒေများ၊ ပြစ်မှု၊ ပြစ်ဒဏ်များနှင့် အသိပညာဗဟုသုတများကို ရှင်းလင်း‌ဟောပြောကြားခဲ့ကြသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲသို့ မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း(ဗဟို)ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ကျောင်း သူများ တက်ရောက်ခဲ့ကြသည်။

ဟောပြောပွဲအပြီးတွင် တက်ရောက်လာသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် သုတ/ရသ စာအုပ်၊စာစောင်များနှင့် အသိပညာပေး နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်းသိရသည်။

ထွန်းလင်းကျော်(ပြန်/ဆက်)