လှည်းကူး ဇွန် ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အောင်ဆန်းတီဘီရောဂါ တိုက်ဖျက်ရေးအဖွဲ့မှ ဒေါက်တာရဲမြင့်ထွန်း ဦးဆောင်သောအဖွဲ့နှင့် လှည်းကူးမြို့နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်တီဘီရောဂါတိုက်ဖျက်ရေးအဖွဲ့တို့ ပူးပေါင်း၍ ဇွန်လ ၂၃ ရက်နေ့ စ၍ လှည်းကူးမြို့နယ် မီလာဂါးဒင်းစက်ရုံရှိ ဝန်ထမ်းများအား တီဘီရောဂါ ရှိ/မရှိ စစ်ဆေး ကုသခြင်းကို အခမဲ့ကွင်းဆင်းကုသပေးကြောင်း သိရသည်။
ထိုသို့ဆေးကုသပေးရာတွင် အောင်ဆန်းတီဘီရောဂါ တိုက်ဖျက်ရေးအဖွဲ့မှ ဒေါက်တာရဲမြင့်ထွန်း ဦးဆောင်သည့်အဖွဲ့နှင့် မြို့နယ်တီဘီရောဂါတိုက်ဖျက်ရေးအဖွဲ့မှ ကျန်းမာရေးဝန်ထမ်းများက မီလာဂါးဒင်းစက်ရုံမှ ဝန်ထမ်း (၃၀၀၀) ဝန်းကျင်ခန့်အား သွေးပေါင်ချိန်ပေးခြင်း၊ တီဘီရောဂါ ရှိ၊ မရှိ စမ်းသပ်ပေးခြင်းများကို ဆောင်ရွက်ပေးသည်။
အဆိုပါဆေးကုသပေးရာသို့ မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂) ဦးခင်ဇော်ကကြီးကြပ်၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး၊ စစ်ဆေးကုသပေးခြင်းကို ဇွန်လ ၂၃ ရက်နေ့မှ ၂၇ ရက်နေ့အထိ ၃ ရက်တိုင် တီဘီရောဂါ ရှာဖွေစစ်ဆေးပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သိရှိရသည်။
အေးအေးနွဲ့