သာပေါင်းမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ

သာပေါင်း ဇွန် ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာ‌ပေါင်းမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ မိုးရာသီ စုပေါင်းသစ်ပင် စိုက်ပျိုးပွဲတော်ကို ယမန်နေ့နံနက် ၈ နာရီခွဲက ပျဉ်းမထုံးကျေးရွာစု၌ ကျင်းပခဲ့သည်။

မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး၊ ရာသီဥတု ကောင်းမွန်မျှတရေး၊ သစ်တောသစ်ပင်များ ထိန်းသိမ်းခြင်း ရည်ရွယ်၍ သစ်တောသစ်ပင်များ၏ တန်ဖိုးကို သိရှိနားလည်နိုင်စေရန် ရာသီဥတုကောင်းမွန်မျှတစေရေး၊ အရိပ်အာဝါသနှင့် မျက်စိပသာဒအကျိုးများ ရရှိစေရေး၊ အပူချိန်လျှော့ချနိုင်စေရန် အပူဒဏ်ကာကွယ်နိုင်စေရေးတို့အတွက် စသည့် ရည်ရွယ်ချက်များဖြင့် နှစ်စဉ်စိုက်ပျိုးလျက်ရှိလာခဲ့ကြရာမှ ၂၀၂၅ ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိ ဦးသိန်းဝင်း‌ဇော်နှင့် သစ်တောဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နုနုလှိုင်နှင့် အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ အခြေခံပညာမူလတန်း (သူဌေးစမ်း) ကျောင်းမှ ကျောင်းသား၊ကျောင်းသူများနှင့် ဒေသနေပြည်သူတို့က မန်ဂျန်ရှား ပျိုးပင်(၁၀၀)၊ မဟော်ဂနီ ပျိုးပင်(၁၀၀) ပျိုးပင်ပေါင်း (၂၀၀)တို့ကို ပျဉ်းမထုံးကျေးရွာအုပ်စု၊ သူဌေးစမ်းကျေးရွာတွင် စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

သိန်းမြင့်မျိုးဦး (ပြန်/ဆက်)