ရန်ကုန် ဇွန် ၂၉
၂ဝ၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့ အထိမ်းအမှတ် (Olympic Day 2025) လှေလှော်ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ အင်ယားကန်ရှိ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်၌ ကျင်းပရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးထိန်လင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသောင်းထိုက်မင်းတို့ တက်ကြည့်ရှုအားပေးခဲ့ကြသည်။
ပြိုင်ပွဲတွင် အမျိုးသားကယက်တစ်ယောက်လှော်မီတာ(၅၀၀)ပြိုင်ပွဲ၊ အမျိုးသားကနူးတစ်ယောက်လှော် မီတာ(၅၀၀) ပြိုင်ပွဲ၊ ရိုးရာလှေအမျိုးသား+အမျိုးသမီး (၁၀) တက်လှော် မီတာ(၅၀၀)ပြိုင်ပွဲ၊ အပြည်ပြည်ဆိုင်ရာလှေ အမျိုးသားတစ်ယောက်လှော် (မိတာ၁၅၀၀)၊ အမျိုးသား+အမျိုးသမီး ကယက်နှစ်ယောက်လှော်မီတာ(၅၀၀)ပြိုင်ပွဲ၊ အမျိုးသား+ အမျိုးသမီးကနူးနှစ်ယောက်လှော်မီတာ (၅၀၀) ပြိုင်ပွဲ၊ ရိုးရာလှေအမျိုးသား+အမျိုးသမီး (၈)တက်လှော်မီတာ(၅၀၀)ပြိုင်ပွဲ၊ အပြည်ပြည်ဆိုင်ရာလှေအမျိုးသားတစ်ယောက်လှော်(မိတာ၅၀ဝ)၊ အပြည်ပြည်ဆိုင်ရာလှေအမျိုးသမီးတစ်ယောက်လှော် (မိတာ၁၀၀၀)၊ အမျိုးသား ကနူးတစ်ယောက်လှော် မီတာ(၂၀၀)ပြိုင်ပွဲ၊ အမျိုးသား ကယက်တစ်ယောက်လှော်မီတာ (၂၀၀)ပြိုင်ပွဲ၊ အမျိုးသားကနူးတစ်ယောက်လှော်မီတာ(၂၀၀)ပြိုင်ပွဲ၊ ရိုးရာလှေအမျိုးသား+အမျိုးသမီး(၁၀)တက်လှော် မီတာ(၂၀၀)ပြိုင်ပွဲ၊ အပြည်ပြည်ဆိုင်ရာလှေ အမျိုးသားနှစ်ယောက်လှော် (မိတာ ၅၀၀) အပြည်ပြည်ဆိုင်ရာလှေ အမျိုးသားနှစ်ယောက်လှော် (မိတာ ၁၀၀၀)၊ အမျိုးသမီး ကနူးတစ်ယောက်လှော် မီတာ (၂၀၀) ပြိုင်ပွဲ၊ အမျိုးသား+အမျိုးသမီး ကယက်နှစ်ယောက်လှော်မီတာ(၂၀၀)ပြိုင်ပွဲ အမျိုးသား+အမျိုးသမီးကနူးနှစ်ယောက်လှော်မီတာ (၂၀၀)ပြိုင်ပွဲ၊ ရိုးရာလှေအမျိုးသား+အမျိုးသမီး (၈)တက်လှော်မီတာ(၂၀၀)ပြိုင်ပွဲ၊ အပြည်ပြည်ဆိုင်ရာလှေ အမျိုးသမီးနှစ်ယောက်လှော် (မိတာ၁၀၀၀) ပြိုင်ပွဲများကို ကျင်းပခဲ့သည်။
ပြိုင်ပွဲများအပြီးတွင် ဆုပေးပွဲကို ဆက်လက်ကျင်းပရာ ပြိုင်ပွဲတွင် ဆုရရှိသူများအား အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးထိန်လင်း၊ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသောင်းထိုက်မင်းနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုတံဆိပ်များ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့ အထိမ်းအမှတ် (Olympic Day 2025) လှေလှော်ပြိုင်ပွဲသို့ လှေလှော်အားကစားသမား ၉၂ ဦး ပါဝင်ယှဥ်ပြိုင်ခဲ့ကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)