Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
အင်္ဂပူမြို့တွင် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ပြုလုပ်
Jun 30,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်တွင် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက်ပိုင်းက ကျောင်းကွင်းကျေးရွာအုပ်စုရှိ ဖားအောက်တောရဝန်းအတွင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မင်းဘူး(စကု)မြို့နယ်၌ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးပြီး ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ကျင်းပ
Jun 30,2025
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်က မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ် ရေပုတ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်၊ တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်သည်။
အပြည့်အစုံ ဖတ်ရန်
မိုးညှင်းမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေး ဟောပြောပွဲ၊ နံရံကပ်နှင့် စာအုပ်စာစောင်ပြပွဲများ ကျင်းပ
Jun 30,2025
ကချင်ပြည်နယ် မိုးညှင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် စာဖတ်ရှိမြှင့်တင်ရေးအသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက် (၁၀) နာရီက အခြေခံပညာအလယ်တန်းကျောင်းခွဲ (နန့်ပုတ်)၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ကန်ကြီးထောင့်မြို့နယ်၌ မော်တော်ယာဉ်များစစ်ဆေးခြင်းအား စဉ်ဆက်မပျက်ဆောင်ရွက်လျက်ရှိ
Jun 30,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ကျေးရွာနေ ပြည်သူများ အကြမ်းဖက်သမားများဘေးရန်မှ ကင်းဝေးပြီး အေးချမ်းသာယာလုံခြုံမှုရှိစေရေးနှင့် လိုင်စင်မဲ့ မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များ၊ Ambulance ယာဉ်များ၊ သာသနာနံပါတ်တပ်မော်တော်ယာဉ်များ၊ ယာဉ်နံပတ်အတုတပ်သုံးစွဲနေမှုများ မရှိစေရေးအတွက် နယ်မြေလုံခြုံရေးအဖွဲ့နှင့်ဌာနဆိုင်ရာတို့မှပူးပေါင်း၍ ယနေ့ နံနက်ပိုင်းက ကန်ကြီးထောင့်မြို့အဝင်၊ ကန်ကြီးထောင့်-မာလာကုန်းလမ်းဆုံတွင် လိုင်စင်မဲ့မော်တော်ယဉ်များစစ်ဆေးခြင်းနှင့် ယာဥ်စည်းကမ်းလမ်းစည်းကမ်းစစ်ဆေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ပင်းတယမြို့၌ ကျား/မ ရေးရာနှင့် ကျား/မ ရေးရာအခြေပြု အကြမ်းဖက်မှု GENDER, CEDAW, NSPAW, UNSCR 1325 နှင့်ပတ်သက်ပြီး အသိပညာပေး ဆွေးနွေးပွဲဆောင်ရွက်
Jun 30,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့၊ မြို့နယ်လူမှုဝန်ထမ်းရုံး၌ ယနေ့နံနက် ၉ နာရီအချိန်က ကျား၊ မ ရေးရာနှင့် ကျား၊ မ ရေးရာအခြေပြု အကြမ်းဖက်မှု GENDER, CEDAW, NSPAW, UNSCR 1325 နှင့်ပတ်သက်ပြီး အသိပညာပေး ဆွေးနွေးပွဲကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျိုင်းတုံမြို့၌ Gender,CEDAW,NSPAWနှင့် UNSCR 1325 အသိပညာပေး ဆွေးနွေးပွဲကျင်းပ
Jun 30,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ Gender,CEDAW,NSPAWနှင့် UNSCR 1325 အသိပညာပေးဆွေးနွေးပွဲကို ဇွန် ၃၀ ရက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမတွင်ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
မိုးနဲမြို့နယ် ကုန်းလုံကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်း
Jun 30,2025
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းကို ယနေ့နံနက်ပိုင်းက ကုန်းလုံကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုးနဲမြို့နယ်၌ (DU-12)မိုးစပါးမျိုး မျိုးစေ့ချကိရိယာဖြင့် ကွင်းသရုပ်ပြစိုက်ပျိုး
Jun 30,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်တွင် မျိုးစေ့ချကိရိယာ Drum Seeder ဖြင့် DU-12 မိုးစပါး တောင်သူပညာပေး ကွင်းသရုပ်ပြစိုက်ပျိုးခြင်းကို နောင်မြိုင်းကျေးရွာအုပ်စု၊ တောင်သူဦးစိုင်းနော်ခမ်း၏ လယ်မြေတွင် ယနေ့နံနက် ၈ နာရီအချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
1215
Page
1216
Page
1217
Page
1218
Current page
1219
Page
1220
Page
1221
Page
1222
Page
1223
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department