ပင်းတယမြို့၌ ကျား/မ ရေးရာနှင့် ကျား/မ ရေးရာအခြေပြု အကြမ်းဖက်မှု GENDER, CEDAW, NSPAW, UNSCR 1325 နှင့်ပတ်သက်ပြီး အသိပညာပေး ဆွေးနွေးပွဲဆောင်ရွက်

ပင်းတယ ဇွန် ၃၀

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့၊ မြို့နယ်လူမှုဝန်ထမ်းရုံး၌ ယနေ့နံနက် ၉ နာရီအချိန်က ကျား၊ မ ရေးရာနှင့် ကျား၊ မ ရေးရာအခြေပြု အကြမ်းဖက်မှု GENDER, CEDAW, NSPAW, UNSCR 1325 နှင့်ပတ်သက်ပြီး အသိပညာပေး ဆွေးနွေးပွဲကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဦးစွာ ပင်းတယမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဆွေဆွေမြင့်က ကျား/မ အခြေပြု အကြမ်းဖက်မှုတွင် ပါဝင်သည့် အပြုအမူများ၊ အကြမ်းဖက်မှု အမျိုးအစားများ၊ ဖြစ်ပွားရသည့် အကြောင်းအရင်း၊ အများဆုံးဖြစ်ပွားတတ်သည့် အကြမ်းဖက်မှုများ၊ အကြမ်းဖက်မှု အကျိုးဆက်များ၊ (က)ရုပ်ပိုင်းဆိုင်ရာ အကျိုးဆက်များ (ခ) စိတ်ပိုင်းဆိုင်ရာ အကျိုးဆက်များနှင့်ပတ်သက်၍ ပြောကြားပေးသည်။

ထို့နောက် ပင်းတယမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနရုံး ဒုတိယဦးစီးမှူးမှ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၁၃၂၅ နှင့် အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအစီစဉ်၊ အကောင်အထည်ဖော် ဆောင်ရွက်မည့် အခြေခံမဏ္ဍိုင်များ၊ အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂသဘောတူစာချုပ် (CEDAW) နှင့် ပတ်သက်၍ မြန်မာနိုင်ငံ၏ ဆောင်ရွက်ချက်များ၊ ကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများ၊ ကျား၊ မ အခြေပြု အကြမ်းဖက်မှုဖြစ်ပွားပါက တိုင်ကြားနိုင်သည့် နည်းလမ်းများ၊ လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် ဆောင်ရွက်ပေးနေမှုများ၊ လိုအပ်ပါက (၂၄) နာရီ Help Line  ဖုန်းနံပါတ် ၀၆၇-၃၄၀၄၂၂၂၊ ၀၆၇-၃၄၀၄၉၉၉၊ တိုင်းဒေသကြီး/ပြည်နယ်လူမှုဝန်ထမ်းရုံးများသို့ ဆက်သွယ်တိုင်ကြားနိုင်ပါကြောင်း ဆွေးနွေးပြောကြားခဲ့သည်။ ဆွေးနွေးပွဲသို့  လူမှုဝန်ထမ်းဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အောင်ကိုဦး(ပြန်/ဆက်)