Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
မြို့သစ်တွင် ပလတ်စတစ်အိတ်သုံးစွဲမှုမရှိစေရေးနှင့် အစားထိုးသုံးစွဲနိုင်ရေး အပတ်စဉ်ဆောင်ရွက်
Jul 01,2025
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် စည်ပင်သာယာရေးကော်မတီအဖွဲ့မှ ပြည်သူများ ကြွပ်ကြွပ်အိတ်၊ တစ်ခါသုံးပလတ်စတစ်အိတ်များ လျော့နည်းသုံးစွဲစေရေးအတွက် အပတ်စဉ်တနင်္လာနေ့တိုင်း ပလတ်စတစ်အိတ်သုံးစွဲမှုမရှိစေရေးနှင့် အစားထိုးသုံးစွဲလိုက်နာဆောင်ရွက်မှုရှိစေရေး အသိပညာပေး ကြပ်မတ်စစ်ဆေးခြင်းတို့ကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် "မြို့မဈေးအတွင်း ဆောင်ရွက်သည်။
အပြည့်အစုံ ဖတ်ရန်
လဲချားမြို့နယ် ဂျီအီးစီ(ပညာရေး) သမဝါယမအသင်းလီမိတက်၏ ၂၀၂၃-၂၀၂၄ နှင့် ၂၀၂၄-၂၀၂၅ ခုနှစ် ဘဏ္ဍာရေးနှစ် အရပ်ရပ်ဆိုင်ရာအစည်းအဝေးကျင်းပ
Jul 01,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ်တွင် ဂျီအီးစီ(ပညာရေး)သမဝါယမအသင်းလီမိတက်၏ ၂၀၂၃-၂၀၂၄ နှင့် ၂၀၂၄-၂၀၂၅ ခုနှစ် ဘဏ္ဍာရေးနှစ် အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်က အ.ထ.က (လဲချား)ခန်းမတွင် ကျင်းပခဲ့ပါသည်။
အပြည့်အစုံ ဖတ်ရန်
ဧရာတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းနေမှုများကို ကြည့်ရှုအားပေး
Jul 01,2025
ဇူလိုင်လ(၃)ရက်နေ့တွင်ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ကကြီးမှူး၍ ပုသိမ်မြို့၊ ပြည်သူ့ဆေးရုံကြီး၊ အမျိုးသားသွေးလှူဘဏ်ခွဲတွင် ယမန်နေ့နံနက်ပိုင်းက စုပေါင်းသွေးလှူဒါန်းခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း မြန်မာအမျိုးသမီးများနေ့အကြိုအထိမ်းအမှတ် အာဟာရချက်ပြုတ်ပြိုင်ပွဲ၊ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) များကို ထုတ်ယူခြင်း၊ ထိ…
Jul 01,2025
ဇူလိုင်လလ(၃)ရက်နေ့တွင်ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့အကြိုအထိမ်းအမှတ် အာဟာရချက်ပြုတ်ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ခိုင်သဇင်ခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ပြည်နယ်အမျိုးသမီးရေးရာဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်အသင်းများနှင့် ကိုယ်ဝန်ဆောင် မိခင်များ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့မစည်ပင်သာယာဈေး၌ ဈေးလုံခြုံရေးနှင့် လျှပ်စစ်အန္တရာယ်ကင်းဝေးစေရန် ဓာတ်အားလိုင်း ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်
Jul 01,2025
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့က စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ စည်ပင်သာယာဈေးများ ဈေးအင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပရေး၊ ဈေးလုံခြုံရေးနှင့် မီးဘေးလုံခြုံရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့က မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများက မြို့မဈေးကြီးသို့သွားရောက်ပြီး ဈေးရောင်းဈေးဝယ်ပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းဝေးစေရန်အတွက် ဓာတ်အားလိုင်း ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကလေးမြို့တွင် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ်အကြို အခမ်းအနားကျင်းပ
Jul 01,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် ကလေးခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နီလာခိုင်နှင့် ကလေး၊ ကလေးဝမြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌများနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များသည် ၂၀၂၅ ခုနှစ် ဇူလိုင် ၃ ရက်နေ့တွင်ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် ကုတင် ၃၀၀ အထွေထွေရောဂါကုဆေးရုံကြီးရှိလူနာများအား ဆေးကုသစရိတ်ပေးအပ်ခြင်းနှင့် အောင်မင်္ဂလာသီလရှင် စာသင်တိုက်တို့တွင် လှူဖွယ်ဝတ္တုများ ဆက်ကပ်လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
နတ်မောက်မြို့၌ အမှိုက်အမျိုးအစား ခွဲခြားစွန့်ပစ်နိုင်ရေး အသိပညာပေး ဗီနိုင်းဆိုင်းဘုတ်စိုက်ထူခြင်းနှင့် အရောင်ဖြင့် ခွဲခြားထားသည့် အမှိုက်ပုံးများထားရှိ
Jul 01,2025
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ၏ ကြီးကြပ်မှုဖြင့် ပြည်သူများအနေဖြင့် စွန့်ပစ်အမှိုက်များ ခွဲခြားစွန့်ပစ်နိုင်စေရန် အဆိုပါရုံးရှေ့မျက်နှာစာနှင့် မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန ရုံးမျက်နှာရှေ့တို့တွင် ယမန်နေ့နံနက်ပိုင်းက အသိပညာပေးဗီနိုင်းဆိုင်းဘုတ်စိုက်ထူခြင်းနှင့် အရောင်ဖြင့်ခွဲခြားထားသည့် အမှိုက်ပုံးများထားရှိခြင်းများ ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ်တွင် သဘာဝပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရန် ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Jul 01,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့က မြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရန်အတွက် ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေးလုပ်ငန်းများကို ယမန်နေ့က ပွင့်ဖြူမြို့မစည်ပင်သာယာဈေး၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
1211
Page
1212
Page
1213
Page
1214
Current page
1215
Page
1216
Page
1217
Page
1218
Page
1219
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department