ကျိုင်းတုံ ဇွန် ၃၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ Gender,CEDAW,NSPAWနှင့် UNSCR 1325 အသိပညာပေးဆွေးနွေးပွဲကို ဇွန် ၃၀ ရက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမတွင်ကျင်းပသည်။
ဦးစွာ မြို့နယ်အဆင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောမင်းသူက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ဥပဒေအရာရှိ ဒေါ်ဝင်းမို့မို့လွင်က ဥပဒေဆိုင်ရာ အကြောင်းအရာများကို ဆွေးနွေးပြောကြားသည်။
ထို့နောက် ကျိုင်းတုံခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ခင်မြင့်က Gender,CEDAW,NSPAWနှင့် UNSCR 1325 အကြောင်း အသိပညာပေးဆွေးနွေးရာ တက်ရောက်လာကြသူများက သိလိုသည်များ ပြန်လည်ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)