အင်္ဂပူ ဇွန် ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်တွင် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက်ပိုင်းက ကျောင်းကွင်းကျေးရွာအုပ်စုရှိ ဖားအောက်တောရဝန်းအတွင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေ့ဦးစွာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် တာဝန်ရှိသူများက ပျိုးပင်များပေးအပ်ရာ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်သန္တာဌေးနှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့သည်။ ထို့နောက် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်သန္တာဌေးနှင့် အဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ပြည်သူများ တပျော်တပါး စုပေါင်းပြီး ကျွန်း (၇၅)ပင်၊ ပျဉ်းကတိုး (၂၀၀)ပင်၊ ကံကော် (၇၅)ပင်၊ ခရေ (၇၅)ပင်၊ မန်ဂျန်ရှား (၇၅)ပင် စုစုပေါင်း ပျိုးပင်(၅၀၀)ပင်တို့အား စနစ်တကျ စိုက်ပျိုးခဲ့ ကြောင်း သိရသည်။
မန်းကျော်(ပြန်/ဆက်)