အမြို့မြို့အနယ်နယ်သတင်းများ

Mar 16,2023
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ ၁၃၈၄ခု မြန့်မာရိုးရာယဥ်ကျေးမှုမဟာသကြင်္န်ပွဲတော်နှင့် သက်ကြီးပူဇော်ပွဲကို စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးအတွက် ပွဲတော်ကျင်းပရေးလုပ်ငန်းကော်မတီဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
Mar 16,2023
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၌ (၇၈)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် ထုတ်ဝေသည့် သတင်းစကား လက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မင်းနှင့်ဝန်ထမ်းများက အ.ထ.က(မလှိုင်) စာစစ်ဌာနမှ တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုပြီးအပြန် ကျောင်း သား/သူများကို ယမန်နေ့ နေ့လည်ပိုင်းက အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
Mar 16,2023
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်စာစစ်ဌာန(၂)ခု၌ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဝင်ရောက်ဖြေဆိုလျက်ရှိသည်။
Mar 16,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ကညင်ပင်အုပ်စု၊ ထန်းတပင် ကျေးရွာအုပ်စုတို့တွင် မိုးသက်လေပြင်းတိုက်ခိုက်၍နေအိမ်ပြိုကျ ပျက်စီးမှုဖြစ်ပွားခဲ့သည့် မိသားစုများအား မတ်လ ၁၄ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်မှစတင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်နှင့် ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်တို့က ကျေးရွာအရောက် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြသည်။
Mar 16,2023
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်တွင် ၁၃၈၄ ခုနှစ်၊ မဟာသင်္ကြန်ပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီ တောင်ပိုင်းရပ်ကွက်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
Mar 16,2023
ရခိုင်ပြည်နယ်၊ သံတွဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးချုပ်မှ ထုတ်ဝေသည့် (၇၈) နှစ် မြောက် တပ်မတော်နေ့ အထိမ်းအမှတ်  သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နေ့လယ်  ၁၂ နာရီက အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းသို့ သွားရောက်ပြီး တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုပြီးသည့် ကျောင်းသားကျောင်းသူများအား အသိပညာပေး ဖြန့်ဝေပေးခဲ့ကြသည်။
Mar 16,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ဆန်စပါးအပြင် နေ့စဉ်ဝင်ငွေရရှိရေး မာလကာ၊ ခရမ်း၊ ဘူး၊ ဖရုံ၊ ပဲတောင့်ရှည်၊ နံနံနှင့် ပန်းမျိုးစုံများ စိုက်ပျိုးရောင်းချလျက်ရှိရာ ကုလကျေးရွာတွင် မိသားစု တစ်နိုင်တစ်ပိုင် ဘူးစိုက်ပျိုးရောင်ချသူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။