မြို့သစ်မြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ "ပထဝီဝင်" ဘာသာရပ် ကျောင်းသား/ကျောင်းသူများ ဆက်လက်ဖြေဆို

မြို့သစ် မတ် ၁၆

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်စာစစ်ဌာန(၂)ခု၌ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဝင်ရောက်ဖြေဆိုလျက်ရှိသည်။

ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်စေရန် ဆရာ/ဆရာမများက စာမေးပွဲဖြေဆို ကြမည့် ကျောင်းသား၊ ကျောင်းသူများအား စာမေးပွဲဖြေဆိုခွင့်ကတ်များမှန်/မမှန် စစ်ဆေးခြင်းနှင့် လိုအပ်သည့်စစ်ဆေးမှုများကို စာမေးပွဲစည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျဆောင်ရွက် ပေးခဲ့သည်။

မြို့သစ်မြို့နယ်တွင် "ပထဝီဝင်"ဘာသာရပ်တွင် စာရင်းရှိကျား (၅၈) ဦး၊ မ (၈၉) ဦး၊ စုစုပေါင်း (၁၄၇) ဦး ရှိရာ၊ ဖြေဆိုသူကျောင်းသား (၅၁) ဦး၊ ကျောင်း သူ (၈၃) ဦး၊ စုစုပေါင်းဖြေဆို သူ (၁၃၄) ဦးဖြေဆိုခဲ့ပြီး (၉၁ ဒဿမ ၁၆) ရာခိုင်နှုန်းဖြေဆိုခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ယင်းသို့ ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းသာစွာနှင့် ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် ဖြေဆိုနိုင်ရေးအတွက် ကျောင်းဝင်းအတွင်းနှင့် အပြင်များတွင် သက်ဆိုင်ရာလုံခြုံရေးအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များက စနစ်တကျစောင့်ကြပ်ကြည့်ရှုပေးလျက်ရှိကြောင်း သိရသည်။

သန်းဝင်းထွန်း(IPRD)