သံတွဲ မတ် ၁၆
ရခိုင်ပြည်နယ်၊ သံတွဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးချုပ်မှ ထုတ်ဝေသည့် (၇၈) နှစ် မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နေ့လယ် ၁၂ နာရီက အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းသို့ သွားရောက်ပြီး တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုပြီးသည့် ကျောင်းသားကျောင်းသူများအား အသိပညာပေး ဖြန့်ဝေပေးခဲ့ကြသည်။
အဆိုပါ လက်ကမ်းစာစောင်တွင် နိုင်ငံတော်နှင့် နိုင်ငံသားများ အကျိုးစီးပွါးကို ဦးလည်မသုန် ထမ်းရွက်ခဲ့ ဆောင်းပါးကောက်နုတ်ချက်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်၏၂၇-၃-၂၀၂၂ ရက်နေ့ (၇၇)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် ပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်၊ဖိုးလေးလုံးသောင်းကိုကိုရေးသားသည့် “ပြည်သူချစ်တဲ့ တပ်မတော်” ကဗျာ၊ (၇၈)နှစ်မြောက် တပ်မတော်နေ့ဦးတည်ချက်၊ ဗိုလ်ချုအောင်ဆန်း ၁၃-၇-၁၉၄၇ ရက်နေ့ မြို့တော်ခန်းမတွင် ကျင်းပသော ပြည်သူ့အစည်းအဝေး၌ ပြောကြားသည့် မိန့်ခွန်း ကောက်နုတ်ချက်၊ တပ်မတော်၏အား (၁၀)ပါးနှင့် ကာတွန်း၊ ဆောင်ပုဒ် တို့ကို ကျောင်းသား/ သူများ သိရှိနားလည်ပြီး အမိနိုင်ငံတော်ကို ချစ်မြတ်နိုးသည့် ပြည်ထောင်စု စိတ်ဓာတ်များ ထက်သန်လာစေရန် ရည်ရွယ်၍ အခမဲ့ ဖြန့်ဝေပေးခဲ့သည်။
ခရိုင် (ပြန်/ဆက်)