မလှိုင်မြို့နယ်၌ (၇၈)နှစ်မြောက်တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ

မလှိုင်  မတ် ၁၆

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၌ (၇၈)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် ထုတ်ဝေသည့် သတင်းစကား လက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မင်းနှင့်ဝန်ထမ်းများက အ.ထ.က(မလှိုင်) စာစစ်ဌာနမှ တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုပြီးအပြန် ကျောင်း သား/သူများကို ယမန်နေ့ နေ့လည်ပိုင်းက အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါ သတင်းစကားလက်ကမ်း စာစောင်တွင်(၇၈)နှစ်မြောက် တပ်မတော်နေ့ ဦးတည်ချက်များ၊ ဗိုလ်ချုပ်အောင်ဆန်း ၁၃.၇.၁၉၄၇ ရက်နေ့ မြို့တော်ခန်းမတွင် ကျင်းပသော ပြည်သူ့အစည်းဝေး၌  ပြောကြား ခဲ့သည့် မိန့်ခွန်း ကောက်နူတ်ချက်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်(၇၇)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနား၌ ပြောကြားသည့် မိန့်ခွန်းကောက်နှုတ်ချက်၊ တပ်မတော်၏ အား(၁ဝ)ပါး၊ နိုင်ငံတော်နှင့် နိုင်ငံသားများ အကျိုးစီးပွားကို ဦးလည်မသုန် ထမ်းရွက်ခဲ့သည့် တပ်မတော်သားများ ခေါင်းကြီး၊ ၂၃.၃.၂ဝ၂၂ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာပါ ဖိုးလေးလုံး သောင်းကိုကို၏ ပြည်သူချစ်တဲ့တပ်မတော်ကဗျာ ၊ ကာတွန်း ၊ တပ်မတော်အင်အားရှိမှ တိုင်းပြည် အင်အားရှိမည် ၊ အသက်သွေးချွေး စဉ်မနှေး ပေးဆပ်သည်မှာ တပ်မတော်ပါ စသည့် ဆောင်ပုဒ်များ ပါဝင်ကြောင်း သိရသည်။

အောင်ဌေး(မလှိုင်)