အမြို့မြို့အနယ်နယ်သတင်းများ

Mar 16,2023
ကရင်ပြည်နယ် ၊ သံတောင်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှ စတင်ပြီး မြစိမ်းရောင်စီမံကိန်းကျေးရွာများ အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၉)နာရီအချိန်က ထမုံကျေးရွာတွင် မြစိမ်းရောင်ရန်ပုံငွေများ ပြန်လည် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
Mar 16,2023
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြိုကဒပ္ပနကျေးရွာတွင် တိုင်းရင်းဆေးကုသဌာနမှ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေးမှုကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က အခမဲ့ဆောင်ရွက်ပေးခဲ့သည်။
Mar 16,2023
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ပြည်သူ့လုံခြုံရေးဆောင်ရွက်နေသော ရဲတပ်ဖွဲ့ဝင်များ၏ မိသားစုများ စားဝတ်နေရေး ‌တစ်ဖက်တစ်လမ်းမှ အဆင်ပြေစေရေးအတွက်  အခြေခံ စားသောက်ကုန်များအား သက်သာသော ဈေးနှုန်းဖြင့် ယနေ့မွန်းလွဲပိုင်းက အမှတ်(၂)ရပ်ကွက်၊ မြို့မရဲစခန်း၌ အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ကြက်ဥများအား ရောင်းချ ပေးခဲ့ကြောင်း သိရသည်။
Mar 16,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် လုံးဆိုင်ရာ သံဃဒါနဆွမ်းလောင်း အသင်း၏ (၅၁၆၅) ကြိမ်မြောက် အရုဏ်ဆွမ်းလောင်းလှူမှုကို ယနေ့နံနက် အရုဏ်တက်အချိန်၌ လောင်းလှူခဲ့ကြောင်း သိရသည်။
Mar 16,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်၊ Community Centre ခန်းမတွင် ယနေ့နံနက် (၁၀)နာရီအချိန်က ကျောင်းသူ/ကျောင်းသားများ ကာယဉာဏဖွံ့ဖြိုးတိုးတက်စေရန် ပြိုင်ပွဲများနှင့် လူကုန်ကူးမှုအသိပညာပေး နံရံကပ်စာစောင်ပြပွဲ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
Mar 16,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပထဝီဝင်ဘာသာရပ်ကို ယနေ့နံနက် ၉ နာရီက ပွင့်ဖြူမြို့ (အ.ထ.က)စာစစ်ဌာနနှင့် ကုန်းဇောင်းကျေးရွာ(အ.ထ.က)စာစစ်ဌာနတို့တွင် ဖြေဆိုကျင်းပရာ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ၅၉ ဦး အေးချမ်းပျော်ရွှင်စွာ ဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း ပွင့်ဖြူမြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။
Mar 16,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်မှ တောင်သူများအနေဖြင့် ဆည်ရေသောက်စနစ်ဖြင့် ဆန်းစပါးကိုအဓိကထား စိုက်ပျိုးကြပြီး မြစ်ဘေး၊ ချောင်းဘေးရှိ ကျွန်းမြေ၊ သဲနှုန်းမြေများနှင့် ယာမြေများတွင် စီးပွားရေးအဆင်ပြေစေရေး ဒေသအလိုက်စီးပွားကိုက်မည့် ကာလတို၊ ကာလရှည် သီးပင်စားပင်များ စိုက်ပျိုးရောင်းချလျက်ရှိရာ ရွှေဒါးကျေးရွာတွင် ပံတံဆိပ်ကြက်ဟင်းခါးမျိုးများ တစ်နိုင်တစ်ပိုင်စိုက်ပျိုးထားရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
Mar 16,2023
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းသည် နွေရာသီကျောင်းပိတ်ရက်များအတွင်း လူငယ်လူရွယ်များနှင့်  ဒေသခံပြည်သူများ စာပေလေ့လာ ဖတ်ရှုလေ့လာနိုင်ရန်၊ စာပေနှင့်အဆက်မပြတ်ထိတွေ့မှုရှိစေရန်ရည်ရွယ်၍ ယနေ့နံနက်ပိုင်းကဘုရားလမ်းရပ်ကွက်၌ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်စာစောင်များငှားရမ်းပေးနေကြောင်း သိရသည်။