နမ္မတူ မတ် ၁၆
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲသတ္တမနေ့ ပထဝီဝင်ဘာသာရပ်တွင် ကျောင်းသားကျောင်းသူများ ၇ ဦး ဝင်ရောက်ဖြေဆိုပြီး ဖြေဆိုရာခိုင်နှုန်း ၇၀ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ထိုသို့ တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပရာတွင် ကျောင်းသားကျောင်းသူများ ဘေးကင်းလုံခြုံ စိတ်အေးချမ်းမြေ့စွာဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းထွန်း၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ နယ်မြေခံတပ်နယ်မှ တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
နမ္မတူမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာနတစ်ခုတည်းဖြင့် ကျင်းပခြင်းဖြစ်ပြီး ပထဝီဝင်ဘာသာရပ်တွင် ကျောင်းသား၊ ကျောင်းသူ (၁၀)ဦး စာရင်းပေးသွင်းထားပြီး ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူ (၇)ဦးရှိကာ ဖြေဆိုရာခိုင်နှုန်း ၇၀ ရာခိုင်နှုန်းရှိကြောင်း၊ ပျက်ကွက် ကျောင်းသား၊ ကျောင်းသူ (၃)ဦးရှိကာ ပျက်ကွက် ရာခိုင်နှုန်း ၃၀ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူး ဦးစောဝင်းဌေးထံက သိရသည်။
လူမော် (ပြန်/ဆက်)