သံဖြူဇရပ် မတ် ၁၆
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ ၁၃၈၄ခု မြန့်မာရိုးရာယဥ်ကျေးမှုမဟာသကြင်္န်ပွဲတော်နှင့် သက်ကြီးပူဇော်ပွဲကို စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးအတွက် ပွဲတော်ကျင်းပရေးလုပ်ငန်းကော်မတီဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
ရှေးဦးစွာ ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအောင်မိုးလွင်က သံဖြူဇရပ်မြို့နယ်အနေဖြင့် ရိုးရာယဥ်ကျေးမှုဓလေ့စရိုက်များ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရန်အတွက် မဟာသကြင်္န်ပွဲတော်နှင့် သက်ကြီးပူဇော်ပွဲကို စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး တက်ရောက်လာကြသည့် ကော်မတီဝင်များမှ ကဏ္ဍအလိုက် ဆွေးနွေးကြစေရေးပြောကြားသည်။
ဆက်လက်၍ အစည်းအဝေးသို့တက်ရောက်လာကြသည့် ကော်မတီဝင်များမှ မိမိတို့၏ လုပ်ငန်းတာဝန်များဖြစ်သည့် အခမ်းအနားပြင်ဆင်ရေး၊ ဘဏ္ဍငွေရှာဖွေရေး၊ လုံခြုံရေး၊ ကျန်းမာရေး၊ ဧည့်ခံကျွေးမွေးရေး၊ ဖျော်ဖြေရေး၊ သက်ကြီးပူဇော်ပွဲကျင်းပနိုင်ရေးစသည့် လုပ်ငန်းအလိုက်တင်ပြဆွေးနွေးရာ တက်ရောက်လာကြသည့် ကော်မတီဝင်များမှလည်း လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပြီး တာဝန်ရှိသူမှ ပြန်လည်ပေါင်းစပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)