သိန္နီမြို့၌ ၂၄ နာရီ  HelpLine ဝန်ဆောင်မှု ဆိုင်းဘုတ်စိုက်ထူခြင်း ဆောင်ရွက်

သိန္နီ မတ် ၁၆

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင် သိန္နီမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန၊ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်ကလေးစောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်း၍ ၂၄ နာရီ HelpLine ဝန်ဆောင်မှု ဆိုင်းဘုတ်စိုက်ထူ ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းအချိန်က လားရှိုး−မူဆယ်အဝေးပြေးလမ်းမကြီးဘေး ကျောင်းဆိုင်ဘုန်းတော် ကြီး ကျောင်းရှေ့၌ ဆောင်ရွက်ခဲ့သည်။

အဆိုပါ ဆိုင်းဘုတ်တွင် ပဋိပက္ခဖြစ်စဉ်အတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ လက်နက်ကိုင် ပဋိပက္ခတွင် ကလေးသူငယ်များ အသေအကြေ ထိခိုက်ဒဏ်ရာ ရစေမှုနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ၊ အိမ်တွင်းအကြမ်းဖက်မှု၊ သက်ငယ်မုဒိမ်းမှု၊ ကျား/မ အခြေပြု အကြမ်းဖက်မှု ၊ ကလေးသူငယ်၊ မသန်စွမ်း၊ သက်ကြီးရွယ်အို ကိစ္စရပ်များနှင့် ပက်သက်၍ အကူအညီတစ်စုံတစ်ရာ လိုအပ်ပါက တိုင်ကြား နိုင်ရေးအတွက် HelpLine နံပါတ်များအား ပြည်သူများ သိရှိစေရန် စိုက်ထူခြင်းဖြစ်သည်။ အဆိုပါကိစ္စရပ်များ နှင့်ပက်သက်၍ ပြဿနာတစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက တိုင်ကြားသူ၏ သတင်းအချက်အလက် မပေါက်ကြားစေရေးကို အထူးအလေးထား ကာကွယ်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)