အမ်းမြို့နယ် Community Centre ခန်းမ၌ နွေရာသီ အခြေခံ PHYSICAL FITNESS DANCE သင်တန်းဖွင့်လှစ်

အမ်း  မတ် ၁၆

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ နွေရာသီအခြေခံ PHYSICAL FITNESS DANCE သင်တန်းကို Community Centre ခန်းမ၌ ယမန်နေ့ နေ့လယ်အချိန်က ဖွင့်ပွဲ ကျင်းပခဲ့သည်။

ရှေးဦးစွာ အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးကျော်ဝေက နေ့စဉ် ကိုယ်လက်လှုပ်ရှား အားကစားပြုလုပ်ခြင်းဖြင့် ရရှိမည့် ကျန်းမာရေး အကျိုးကျေးဇူးများကို သင်တန်းသူများအား ရှင်းလင်းပြောကြားပြီး အမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးအရာရှိ ဦးစန်းဝင်းက နွေရာသီအခြေခံ PHYSICAL FITNESS DANCE သင်တန်းဖွင့်လှစ်ရခြင်း၊ ပြပွဲပြခန်းများ၊ စာအုပ်စာစောင်ပြပွဲများ၊ နံရံကပ်စာစောင်ပြပွဲများ ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်နှင့် ပြည်သူစာကြည့်တိုက်သို့ လာရောက်ပြီး စာပေဗဟုသုတများကို ဆည်းပူလေ့လာဖတ်ရှုနိုင်ကြောင်း ဆွေးနွေး ပြောကြားခဲ့သည်။ နွေရာသီအခြေခံ PHYSICAL FITNESS DANCE သင်တန်းကို သင်တန်းဆရာမ(၃)ဦးက ဦးဆောင်၍ (၅)ရက် ဖွင့်လှစ်သင်ကြား မည်ဖြစ်ပြီး လူငယ်များအား နွေရာသီအားလပ်ရက်တွင် ကျန်းမာပျော်ရွှင်ပြီး ဗဟုသုတ တိုးပွားလာစေရန်အတွက် ယခုကဲ့သို့ အားကစားသင်တန်းကို ဖွင့်လှစ်မပးပါကြောင်း ဆက်လက်ပြီး  အခြေခံ ပန်းချီရေးဆွဲနည်းသင်တန်းနှင့် အခြေခံအင်္ဂလိပ်စကားပြော သင်တန်းများကို ဖွင့်လှစ်ပို့ချ သင်ကြားမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

အဆိုပါ သင်တန်းကို မြို့ပေါ်ရပ်ကွက်အတွင်းမှ အားကစားစိတ်ပါဝင်စားသူ သင်တန်းသူ (၂၅)ဦး တက်ရောက်ခဲ့ပြီး ကိုယ်လက်လှုပ်ရှား အားကစားနည်းများနှင့် PHYSICAL FITNESS DANCE ကကွက်နည်းများကို သင်တန်းဆရာမ(၃)ဦးက စနစ်တကျ သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။

စိုးမင်းထွန်း(ပြန်/ဆက်)