မန္တလေးမြို့တွင် (၇၈)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်အကြို သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ

မန္တလေး မတ် ၁၆

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ၂၀၂၃ ခုနှစ်၊ မတ်လ(၂၇)ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ် မြောက် တပ်မတော်နေ့ အထိမ်းအမှတ် အကြို သတင်းစကား လက်ကမ်းစာစောင်များကို ယမန်နေ့မွန်းတည့်(၁၂)နာရီအချိန်က အ.ထ.က(၂၇) စာစစ်ဌာနတွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုပြီး စာဖြေခန်းမှ ထွက်လာသည့် ကျောင်းသား၊ ကျောင်းသူများ လက်ဝယ်အရောက် အခမဲ့လိုက်လံဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါ (၇၈)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်တွင် “စွမ်းအားရှိသမျှကာကွယ်‌ပေးမယ်”ခေါင်းစဉ်ဖြင့် ၁၃.၁၇.၁၉၄၇ ရက်နေ့၊ မြို့‌တော်ခန်းမတွင် ကျင်းပသော ပြည်သူ့အစည်းအဝေး၌ ဗိုလ်ချုပ်အောင်ဆန်းပြောကြားသည့် မိန့်ခွန်းမှ ကောက်နုတ်ချက်၊ (၇၈)နှစ်မြောက် တပ်မတော်နေ့အမျိုးသား‌ရေးဦးတည်ချက်များ၊ “နိုင်ငံတော်နှင့်နိုင်ငံသားများ အကျိုးစီးပွားကို ဦးလည်မသုန် ထမ်းရွက်ခဲ့” ခေါင်းစဉ်ဖြင့် ဆောင်းပါး၊ “ပြည်သူချစ်တဲ့ တပ်မ‌တော်” ကဗျာများ၊ “အမျိုးသားနိုင်ငံရေး တာဝန်များကို သစ္စာရှိရှိ ကျေပွန်စွာ ထမ်းဆောင်”ခေါင်းစဉ်ဖြင့် ၂၇-၂၃-၂၀၂၂ ရက်နေ့ (၇၇)နှစ်မြောက် တပ်မတော်နေ့ ဂုဏ်ပြုအခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မ‌တော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် ပြောကြားသည့် မိန့်ခွန်းမှ ကောက်နုတ်ချက်များကို ထည့်သွင်းဖော်ပြထားသည်။

ထိုသို့ဆောင်ရွက်ရာတွင် မန္တ‌လေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်စောလွင်နှင့် ဝန်ထမ်းများက သတင်းစကား လက်ကမ်းစောင်များကို ကျောင်းသား၊ ကျောင်းသူများ လက်ဝယ်အရောက် အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)