စစ်ကိုင်း မတ် ၁၆
စစ်ကိုင်းမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူး၍ နွေရာသီ လူငယ်/လူရွယ်များ အချိန်ကိုအကျိုးရှိစွာ အသုံးချတက်စေရန် ရည်ရွယ်၍ အားကစားမျိုးစုံသင်တန်းများ ဖွင့်လှစ်သင်ကြား ပေးခြင်းကို စစ်ကိုင်းမြို့ရှိ သက်ဆိုင်ရာနေရာအသီးသီးတွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
“ကျွန်မတို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ စစ်ကိုင်းမြို့နယ် အားကစားနှင့်ကာယပညာ ဦးစီးဌာနအနေဖြင့် ယခုလို နွေရာသီကျောင်းပိတ်ရက်အတွင်းမှာ လူငယ်/လူရွယ် အမျိုးသား/အမျိုး သမီးလေးတွေကို မိမိတို့ဝါသနာပါရာ/ နှစ်သက်ရာအားကစားနည်းတွေကို သင်တန်းပို့ချပေးနေတာပါ အားကစားကို လိုက်စားခြင်းဖြင့် အချိန်ကိုအကျိုးရှိစွာ အသုံးချတက်စေမယ် တစ်ဖက်တစ်လမ်းကလည်း မိမိတို့ရဲ့တစ်ကိုယ်ရည် ကျန်းမာရေးအတွက်လည်း အထောက်အကူဖြစ်စေမယ် စစ်ကိုင်းမြို့မှာက ကျောင်းတွင်းအားကစားပြိုင်ပွဲတွေကို မကြာမကြာ ပြုလုပ်ဆောင်ရွက်ကြတဲ့အခါ ဒီသင်တန်းကတက် ရောက်ထားတဲ့ကလေးတွေနဲ့ စွမ်းစွမ်းတမံ ပြိုင်ပွဲဝင်နိုင်အောင် လေ့ကျင့်သင်ကြားပေးသွားမှာပါ ဟု မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်စပယ်ဦးက ပြောပြ၍ သိရသည်။
စစ်ကိုင်းခရိုင်/ မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနအနေဖြင့် အားကစားမျိုးစုံပြိုင်ပွဲများ စဉ်ဆက်မပြတ် ကျင်းပဆောင်ရွက်ပေးနေသလို သက်ဆိုင်ရာဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများ၊ အခြေခံ ပညာကျောင်းများနှင့် အဆင့်မြင့်ကျောင်းများရှိ အားကစားပြိုင်ပွဲများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ပေး နေသလို ယခုလိုအားကစားသင်တန်းများကိုလည်း ဖွင့်လှစ်သင်ကြားပေးနေလျက်ရှိကြောင်း သိရသည်။
ဇော်မြင့်နိုင်