အမြို့မြို့အနယ်နယ်သတင်းများ

Mar 13,2023
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်၌ ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ (ဓာတုဗေဒ) ဘာသာရပ်ကို ယနေ့နံနက် ၉ နာရီက ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
Mar 13,2023
အခြေခံပညာဦးစီးဌာန၊ ၂၀၂၃ ခုနှစ် မိုင်းရယ်မြို့နယ် တက္ကသိုလ်ဝင်စာမေးပွဲ ဓာတုဗေဒ ဘာသာရပ်ကို ယနေ့နံနက် ၉ နာရီက မိုင်းရယ်မြို့ အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန၌ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုလျက်ရှိသည်။
Mar 13,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးဒေသသည် တောင်ပေါ်ဒေသဖြစ်ပြီး ဉယျာဉ်ခြံလုပ်ငန်းများကို အဓိက လုပ်ကိုင်လျက်ရှိရာ ဒေသခံပြည်သူများသည် မိမိတို့၏ ဉယျာဉ်ခြံများအတွင်းတွင် ကတက်ပင်များ စိုက်ပျိုးပြီး တစ်ချို့က တက်ပင်များမှာ သဘာဝအတိုင်း ပေါက်ရောက်လျက်ရှိသည်။ ယခုအချိန်တွင် အရွက်နုများ စတင်ထွက်ရှိလာပြီး စားသုံးရန် သင့်လျော်ပြီဖြစ်သည့် ပေါ်ဦးပေါ်ဖျား ကတက်ရွက်များကို ဒေသခံပြည်သူများက လိုက်လံဆွတ်ခူးကာ ကတက်ချဉ်များ ပြုလုပ်ရောင်းခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိကြောင်း သိရသည်။
Mar 13,2023
မွန်ပြည်နယ်၊ မော်လမြိုင်မြို့ ၂၀၂၃ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ်အကြို စားသုံးသူကာကွယ်ရေးအသိပညာပေး Talk Show ကို ယနေ့နံနက်ပိုင်းက မော်လမြိုင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Mar 13,2023
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်အတွင်းရှိ ကြက်သွန်မျိုးပန်းစိုက် တောင်သူများ အောင်မြင်ဖြစ်ထွန်းကာ ကြက်သွန်မျိုးပန်းစိုက်တောင်သူများ ဝမ်းသာလျက်ရှိပြီး ပြန်ရောင်းချိန် ဈေးကောင်းရရှိရန်မျှော်လင့်နေကြကြောင်း သိရသည်။
Mar 13,2023
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ‌ညောင်ဦးမြို့၊ ပုဂံမြို့ရှိ မြင်မြီးဖြင့် ပြုလုပ်သည့် (ရက်လုပ်) ယွန်းထည်လုပ်ငန်း ပျောက်ကွယ်နိုင်သည့် အခြေအနေဖြင့် ရင်ဆိုင်နေရကြောင်း ပုဂံမြို့ မြင်းကပါ ကျေးရွာ ယွန်းထည်လုပ်ငန်းပိုင်ရှင် ဦးကိုကိုနိုင်ထံက သိရသည်။
Mar 13,2023
၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်စာစစ်ဌာနတွင် ယနေ့ နံနက် ၉ နာရီ အချိန်မှစ၍ ဓာတုဗေဒဘာသာရပ်ကို  ဆက်လက် ဖြေဆိုလျက်ရှိပါသည်။
Mar 13,2023
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ကျေးလက်တောင်သူများ စိုက်ပျိုးသည့် မာလကာခြံ စိုက်တောင်သူများ တစ်ပိသာ ၁၂၀၀ ကျပ် ရောင်းချရခြင်းကြောင့် မိသားစုဝင်ငွေ တွက်ခြေကိုက်နေကြကြောင်း လက်ပံခြေပေါ်ကျေးရွာ မာလကာစိုက်တောင်သူ ဦးဝင်းမြင့်ထံက သိရသည်။