မော်လမြိုင် မတ် ၁၃
မွန်ပြည်နယ်၊ မော်လမြိုင်မြို့ ၂၀၂၃ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ်အကြို စားသုံးသူကာကွယ်ရေးအသိပညာပေး Talk Show ကို ယနေ့နံနက်ပိုင်းက မော်လမြိုင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါဆွေးနွေးပွဲတွင် မော်လမြိုင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ ဦးစီးအရာရှိဒေါ်ခင်စန်းမြင့်နှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ဦးစီးမှူးဒေါ်ခင်ကြည်တို့က စားသုံးသူရေးရာဦးစီးဌာန၏ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ကို စတင်ကျင်းပခဲ့သည့် ခုနှစ်၊ စားသုံးသူအခွင့် အရေး(၈)ချက်၊ အပြည်ပြည်ဆိုင်ရာစားသုံးသူများအဖွဲ့ (Consumer International)မှ ထုတ်ပြန်သည့် ဆောင်ပုဒ်၊ စားသုံးသူအခွင့်အရေးများနေ့ဆောင်ပုဒ်စသည့် ဗဟုသုတရဖွယ်များကို အသိပညာပေးဆွေးနွေးခဲ့ကြသည်။
မော်လမြိုင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးအနေဖြင့် ပြည်သူများ ဗဟုသုတရဖွယ်အကြောင်းအရာကဏ္ဍတို့အား အသိပညာပေးဆွေးနွေးပွဲ Talk Show များအဖြစ် ရိုက်ကူးတင်ဆက်ပေးလျက်ရှိရာ အဆိုပါဆွေးနွေးပွဲများကို We Love Mawlamyine Page တွင် ဝင်ရောက် ကြည့်ရှုလေ့လာနိုင်ပါကြောင်း သိရှိရသည်။
စည်သူ(ခရိုင်ပြန်/ဆက်)