ဟိုပန် မတ်၁၃
၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်စာစစ်ဌာနတွင် ယနေ့ နံနက် ၉ နာရီ အချိန်မှစ၍ ဓာတုဗေဒဘာသာရပ်ကို ဆက်လက် ဖြေဆိုလျက်ရှိပါသည်။
စာမေးပွဲတွင် ဓာတုဗေဒဘာသာရပ်၌ စာရင်းရှိ ကျား (၂၇) ဦး၊ မ (၃၁) ဦး၊ပေါင်း (၅၈) ဦး၊ ဖြေဆို သူ ကျား (၂၆) ဦး၊ မ (၂၇) ဦး၊ ပေါင်း (၅၃) ဦးဖြစ်ပြီး ပျက်ကွက်မှာ ကျား (၁) ဦး၊ မ(၄)ဦး၊ ပေါင်း(၅)ဦး ဖြစ်ကာ ဖြေဆိုမှုအနေဖြင့် (၉၁.၃၈)ရာခိုင်နှုန်းဖြစ်ပါသည်။
ဟိုပန်မြို့နယ်တွင် အထက(ဟိုပန်)စာစစ်ဌာနတစ်ခုသာရှိပြီး တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာများက လုံခြုံရေးဆောင်ရွက်ပေးလျက်ရှိပြီး ကျန်းမာရေးဦးစီးဌာနက ဆေးခန်းဖွင့်လှစ်ကာ ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်