မက်မန်းမြို့၌ ၂၀၂၃ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ  ဓာတုဗေဒဘာသာရပ် ဆက်လက်ဖြေဆို

မက်မန်း မတ် ၁၃

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်၌ ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ (ဓာတုဗေဒ) ဘာသာရပ်ကို ယနေ့နံနက် ၉ နာရီက ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက်  မက်မန်းမြို့နယ်ရှိဌာနဆိုင်ရာများ၊ ရက်မိ/ရပ်ဖများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့တို့က ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။   

ကျောင်းသား/ကျောင်းသူ (၃၆) ဦးစာရင်းပေးသွင်းထားရာ ဝင်ရောက်ဖြေဆိုသည့်ကျောင်းသား/ကျောင်းသူ (၃၂) ဦး၊ ပျက်ကွက် (၄) ဦးရှိပြီး ဖြေဆိုသည့်ရာခိုင်နှုန်း (၈၈.၈၉%) ရှိကြောင်း မြို့နယ်ပညာရေးမှူရုံး တာဝန်ရှိသူထံမှ သိရသည်။

အေးဝင်းစိုး (ခရိုင်၊(ပြန်/ဆက်)